သတင်းပဒေသာ မြန်မာပြည်တွင်း

K- New Zero Art Spaceရဲ့(၁၁) ကြိမ်မြောက် အခမဲ့ လူကြီးပန်းချီသင်တန်း သင်တန်းသားခေါ်ယူ

New Zero Art Spaceရဲ့(၁၁) ကြိမ်မြောက် အခမဲ့ လူကြီးပန်းချီသင်တန်း
သင်တန်းသားခေါ်ယူ

K
(မိုးမခ) စက်တင်ဘာ ၅၊ ၂၀၁၈

ပန်းချီအေးကို ကြီးမှူးပြီး နှစ်စဉ်ဖွင့်လှစ်မြဲဖြစ်တဲ့ New Zero Art Space ၏ အခမဲ့ပန်းချီသင်တန်းကို အောက်တိုဘာ ၅ရက်နေ့မှ စတင်ဖွင့်လှစ်သင်ကြားပေးမှာဖြစ်သောကြောင့် လူကြီးပန်းချီသင်တန်းကို တက်ရောက်လိုတဲ့ သင်တန်းသားများကို New Zero Art Space မှ ခေါ်ယူလျက်ရှိပါတယ်။

သင်တန်းမှာ အခမဲ့ဖြစ်ပြီး New Zero Art Space မှ ဖွင့်လှစ်သင်ကြားပေးခဲ့ တာ ယခုအကြိမ်ဟာ ၁၁ ကြိမ်မြောက်ရှိပြီဖြစ်ပါတယ်။ သင်ကြားမယ့်ဘာသာရပ်များကတော့ အခြေခံပန်းချီပညာရပ်(Basic Drawing, Painting , Color theory)၊ International Art History နှင့် Myanmar Art History၊ Introduction of new Art forms၊ အခါအားလျော်စွာ ဖိတ်ခေါ်ထားသည့် artist များ၏လက်တွေ့ရေးဆွဲပြသမှုများနှင့် workshop အစီအစဉ်များပါရှိပြီး သင်တန်းဆင်း ပန်းချီပြပွဲကိုလည်း ပြသသွားမယ်လို့သိရပါတယ်။

သင်တန်းတက်ရောက်လိုသူများအနေနဲ့ အချိန်ပေးနိုင်သည့် မည်သူမဆို
လျှောက်ထားနိုင်သည်ဟုပြောဆိုထာြး့ပီး သင်တန်းရက်များမှာ အပတ်စဉ်
သောကြာ၊ စနေ၊ တနင်္ဂနွေရက်များမှာ ညနေ ၄ နာရီကနေ ၆ နာရီထိ လပေါင်း ၈ လကြာသင်ကြားပေးသွားမှာဖြစ်တယ် လို့လည်း သိရပါတယ်။
ပန်းချီသင်တန်းနဲ့ပတ်သက်ပြီး New Zero Art Spaceလူမှုကွန်ရက်စာမျက်နှာ ကနေ “ အနုပညာကို အမှန်တကယ်စိတ်ဝင်စားသူများအတွက် ရည်ရွယ်ပြုလုပ်ပေးသောသင်တန်းဖြစ်ပါ၍ သင်တန်းပြီးဆုံးအောင် တက်ရောက်နိုင်သူများကိုသာ ဦးစားပေးလက်ခံမည်ဖြစ်ပါသည်”လို့ ပြောဆိုထားပါတယ်။
 
သင်တန်းလျှောက်လွှာများကို New Zero Art Space တွင် 20/9/
2018မှစတင်၍ ရုံးချိန်အတွင်းလာရောက်လျှောက်ထားနိုင်ပြီး New Zero Art Space ၏Facebook Page မှလည်း download ရယူနိုင်ပြီး သင်တန်းလျှောက် လွှာများကို လိုင်စင်ဓာတ်ပုံ (၂) ပုံနှင့်တကွ လူကိုယ်တိုင် စက်တင်ဘာ ၃၀ ရက်နောက်ဆုံး သွားရောက်ပို့ဆောင်ရမှာဖြစ်ပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts