ဖိုးရွှေညီမှိုင်း ● စိမ်

ဖိုးရွှေညီမှိုင်း ● စိမ်
(မိုးမခ) သြဂတ်စ် ၂၄၊ ၂၀၁၈

“​ခြောက်​​သွေ့တဲ့ လမ်း​ပေါ်​တောင်​မှ
ချိုင့်​ခွက်​နဲ့ မလွဲနိုင်​သူအဖို့
ရွှံ့ဗွက်​​တောတိုးလည်း မထူး​တော့ပြီမို့
သေ​အောင်​သာ ရွာပါမိုး” *1

ရွာ​လေ
မရပ်​တမ်းသာ
ရွာ​စွေလိုက်​စမ်း
တို့ဆီမှာ
ဘာမှမကျန်​​ အကုန်​ယူပါ
ဒါကို​တော့
ဘယ်​​ခါမှ မရနိုင်​ဘူး မိုး​ရေ …

ဘယ်​တုန်းကမှ တို့မှာမရှိတဲ့အရာ
မင်း ဘယ်​​တော့မှမရဘူး။

ရှိတာအကုန်​ ယူလိုက်​စမ်း
ဒုက္ခ​ပန်း​တွေပန်​ပြီး
လှ​ရဲနေတာ ကြည့်​လိုက်
ရွာလိုက်​စမ်းပါ
ရွာ​လေ မိုး​ရေ …

ပွင့်​ရဲရင်​​ ကြွေရဲကြရဲ့
တိမ်​မိုက်​​စိုး ညနက်​​တွေ
လေ​တွေမိုး​တွေထဲ
လမင်း​တွေ ကြယ်​စင်​​တွေ
မျက်​နှာလွှဲ​ပေမယ့်
“ချစ်​သူစစ်​စစ်​​” တွေ
ဘယ်​​သောခါမှ လမ်းမလွဲဘူး။

“​နောင်​တ” တဲ့
တို့ခရီးမှာ “ဒါ” မရှိဘူး
ဘယ်​​တော့မှလည်း
ယူဖို့မကြိုးစားခဲ့ကြ
တို့မရခဲ့ဘူး
တို့ဆီမှာ မရှိတဲ့အရာ
မင်းလည်း ဘယ်​​တော့မှ
မရနိုင်​ဘူး။

ရွာ​လေ ရွာ​စွေပါ
သေ​အောင်​သာ ရွာပါမိုး။

ဖိုး​ရွှေညီမှိုင်း
၂၀၁၈ သြဂတ်​စ်

(*1 … ဆရာ စိုင်းခမ်းလိတ်​ရဲ့ သီချင်းစာသား)