K ငြိမ်းချမ်း News မြန်မာပြည်တွင်း

K-(ဓာတ်ပုံ- စိုးစံသစ်)- ကဗျာဆရာ ညွှန့်သစ် လေဖြတ်သွား၍ ရန်ကုန်ဆေးရုံကြီးတင်ထားရ

ကဗျာဆရာညွှန့်သစ်လေဖြတ်သွား၍ ရန်ကုန်ဆေးရုံကြီးတင်ထားရ

K-   (ဓာတ်ပုံ- စိုးစံသစ်)
(မိုးမခ) သြဂုတ် ၂၃၊ ၂၀၁၈

ကဗျာဆရာကြီး ညွှန့်သစ်ဟာ သြဂုတ်လ ၂၃ရက် နံနက်ခင်းတွင် အရေး ပေါ်ကျန်းမာရေးအခြေအနေအရ ရန်ကုန်ဆေးရုံကြီး
အဆောင် ½ လေဖြတ်လူနာဆောင်အပေါ်ထပ် ခုတင်အမှတ် Cor 17 တွင် တင်ထား ရကြောင်းသိရပါတယ်။

ကဗျာဆရာညွန့်သစ်ရဲ့ဆေးရုံပေါ်က အခြေအနေနဲ့ပတ်သက်ပြီး စာရေးဆရာစိုးစံသစ်က “ ဦးနှောက်အာရုံကြောဆရာက သွေးကြောမှာ သွေးခဲဟုအဖြေထုတ်။ ရန်ကုန်ဆေးရုံကြီးအဆောင် ½ လေဖြတ်လူနာဆောင်အပေါ်ထပ် ခုတင်အမှတ် Cor 17 တွင် တင်ထား။ သတိကောင်း။ 

အခြေနေစောင့်ကြည့်ပြီး ထူးခြားရင် ချက်ချင်းဓာတ်မှန်ရိုက် / ချက်ချင်းပြန်စစ် / လိုအပ်တာဆက်လုပ်ရမယ်အနေထားမှာရှိတယ်။
စောင့်ကြည့်နေရဆဲပါ။

လောလောဆယ် ဆေးသွင်းထား။ ဝိုင်းဝန်းအကြံပြုကူညီပေးကြစေချင်ပါတယ် ” လို့ လူမှုကွန်ရက်ကနေ ရေးသားပြောဆိုထားပါတယ်။

ကဗျာဆရာကြီး ညွှန့်သစ်ဟာ အသက်(၇၆)နှစ်အရွယ်ရှိပြီး ပြီးခဲ့တဲ့လအနည်းငယ်ကမှ ဇနီးဖြစ်သူ ဒေါ်မြမြသန်းကွယ်လွန်ထားပါတယ်။

ကဗျာဆရာညွှန့်သစ် ကိုယ်ရေးအကျဉ်း

အမည်ရင်း- ဦးစိုးညွှန့်

၁၉၄၂၊ နိုဝင်ဘာ ၂၄ ရက်ဖွား

ဧရာဝတီတိုင်းဇကာကြီးရွာတွင် အဖ- ဦးအုန်းမောင်၊ အမိဒေါ်ညိုတို့မှ မွေးဖွား၊

မွေးချင်းညီအကို ၃ ယောက်အနက် ဒုတိယသား။

၁၉၅၀ ပြည်တွင်းစစ်ဖြစ်ပွားနေချိန် ရန်ကုန်ရောက်။

ရန်ကုန်ခရိုင်လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအမှုဆောင်အဖွဲ့ဝင်။

ပထမဆုံးကဗျာစာမူ- ၁၉၇၁၊ မိုးဝေမဂ္ဂဇင်းမှာ ” ဒါပါပဲ ” ကဗျာဖြစ်။

စုပေါင်းကဗျာစာအုပ်များတွင်လည်း ပါဝင်ရေးသားခဲ့။

တကိုယ်တော်အနေနဲ့ ခါးသက်တဲ့အရသာ(၁၉၉၄)၊ ကောင်းကင်ပင်လယ် (၂၀၀၄) အင်္ဂလိပ်-မြန်မာနှစ်ဘာသာ (သားဂျာနယ်ကျော် မိုးဟိန်း အင်္ဂလိပ်ဘာသာ ပြန်ဆို) လုံးချင်းကဗျာစာအုပ် ၂ အုပ်ထုတ်ဝေထား။

ဇနီး- ဒေါ်မြမြသန်း(ကွယ်လွန်)၊ သား ၃ ဦးရှိ။

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် ပုသိမ်လမ်းတွင်နေထိုင်ရင်း ကဗျာ၊ဆောင်းပါးများရေးသားလျက်ရှိ။   ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts