K ငြိမ်းချမ်း သတင်းပဒေသာ

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် မမီးမီးဈာပန အခမ်းအနား သြဂုတ် ၁၇ရက် ရေဝေးသုသာန်


၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် မမီးမီးဈာပန အခမ်းအနား သြဂုတ် ၁၇ရက် ရေဝေးသုသာန်
K  (မိုးမခ) သြဂုတ် ၁၄၊ ၂၀၁၈

၈၈မျိုဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းအဖွဲ့ဝင် နိုင်ငံရေးအကျဉ်းသူဟောင်း မမီးမီး(ခ) မသင်းသင်းအေး (၄၇နှစ်) ဈာပနအခမ်းအနားကို ရန်ကုန်မြို့ရေဝေးသုသာန်မှာ သြဂုတ်လ ၁၇ရက် နေ့လယ်၂နာရီမှ ၄နာရီထိကျင်းပပြု လုပ် မည် ဖြစ်ပြီး ကျန်ရစ်သူမိသားစုမှ အမှတ်၃၀၊ ၁၃၈လမ်းတာမွေမြို့နယ်ရှိ နေအိမ်မှနေ့လယ်၁၂နာရီခွဲကားများ ထွက်ခွာမှာဖြစ် ကြောင်း သိရပါတယ်။

မမီးမီးဟာ သြဂုတ်လ ၁၃ရက်နေ့ ပုသိမ်မြို့က ကဗျာဆရာကြီးမောင်အောင်ပွင့်ဇနီးနာရေးကို သွားရောက်ပို့ဆောင်ပြီး ရန်ကုန်ဘက်အပြန် ကျောင်းကုန်းမြို့နယ်အတွင်းမှာ ယာဉ်မတော်တဆထိခိုက်မှုကြောင့် ဆေးရုံပို့ကုသစဉ် ၅ နာရီ၂၀မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

မမီးမီးဟာ ၁၉၈၈နှစ် အသက်၁၇နှစ်အရွယ်မှစတင်ကာ နိုင်ငံရေးလှုပ်ရှားမှုများမှာ တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ပြီး ၁၉၉၆ခုနှစ် ဒေါ်အောင်ဆန်းစုကြည်လုံခြုံရေးအတွက်နေအိမ်မှာ လူငယ်တာဝန်ကိုဆောင်ရွက်ခဲ့ပါတယ်။ ၁၉၉၆ခုနှစ် ဒဂုံတက္ကသိုလ်ကျောင်တက်ရင်း ကျောင်းသားလှုပ်ရှားမှုအတွက် ထောင်ဒဏ် ၆နှစ် ကျခံခဲ့ရပါတယ်။ ကုန်ဈေးနှုန်းကျဆင်း ရေး လောင်စာဆီဈေးကျဆင်းရေးတို့မှာ မင်းကိုနိုင်၊ ကိုကိုကြီးတို့နှင့်ပူးပေါင်းပါဝင်တိုက်ပွဲဝင်ခဲ့သဖြင့် စစ်အစိုးရရဲ့နှစ်ရှည် ထောင်ဒဏ်များကိုချမှတ်ခံခဲ့ရသူတဦးဖြစ်ပါတယ်။

မမီးမီး ရုတ်တရက်ကွယ်လွန်ခြင်းအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးကော်မတီမှ အထူးဝမ်းနည်း ကြေကွဲကြောင်းထုတ်ပြန်စာတစောင်ထုတ်ပြန်ခဲ့ပြီး လူမှုကွန်ရက်ပေါ်တွင် မမီးမီးရဲ့နိုင်ငံရေး လုပ်ဖော်ကိုင်ဘက်များ၊ စာပေမိတ်ဆွေများက ၀မ်းနည်းကြောင်းစတေးတပ်များရေးသားထားကြပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts