K ငြိမ်းချမ်း သတင်းပဒေသာ

Copy နဲ့ content ဆန်းသစ်တီထွင်ခြင်း အသိပညာဖလှယ်ဆွေးနွေးပွဲ သြဂုတ်လ၁၀ရက်

Copy နဲ့ content ဆန်းသစ်တီထွင်ခြင်း အသိပညာဖလှယ်ဆွေးနွေးပွဲ သြဂုတ်လ၁၀ရက်
K (မိုးမခ) သြဂုတ် ၁၀၊ ၂၀၁၈

Copy နဲ့ content ဆန်းသစ်တီထွင်ခြင်း အမည်ရတဲ့ ဖန်တီးမှုနယ်ပယ်က အသက်မွေးမှု အတတ်ပညာတွေအကြောင်း အသိပညာဖလှယ်ပွဲကို ရန်ကုန်မြို့ဗဟန်းမြို့နယ် Gothe-Institut Myanmar (ကမ္ဘာအေးဘုရားလမ်းနှင့် နတ်မောက် လမ်းထောင့်၊ ဗဟန်း၊ ရွှေကောင်းဟော့ပေါ့အနီး၊ ဗဟန်း(၃) လမ်းမှတ်တိုင်)မှာ သြဂုတ်လ ၁၀ရက် ညနေ ၆:၃၀ မှ ၈:၃၀ ထိ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

အဆိုပါပွဲကို Creative Perspectives Myanmar က ဦးဆောင်ကျင်းပတာဖြစ်ပြီး ဦးဆောင်ဆွေးနွေးမယ့်သူများကတော့ ကိုပြည့်ဖြိုးနိုင် @Kelvin (Content Specialist and Social Strategist)၊ ကိုဥာဏ်ဟိန်း (Copywriter)၊ ကိုစထက်နိုင်အေး @ကိုစလုံး (Ora Tech) နဲ့ ကိုသက်ဖြိုး (Content Specialist) တို့ဖြစ်တယ်လို့သိရပါတယ်။

ဆွေးနွေးမယ့်အကြောင်းအရာများနဲ့ပတ်သက်ပြီးလည်း“ဒီပွဲလေးမှာ content ဖန်တီးမှုအကြောင်းကစလို့ copywriting ရဲ့ အရေးပါတဲ့ကဏ္ဍကိုလည်း ထည့်သွင်းဆွေးနွေးကြမှာပါ။ လက်ရှိ content creation လောကရဲ့ စိန်ခေါ်မှုတွေ၊ အခက်အခဲ တွေနဲ့ အခွင့်အလမ်းတွေအကြောင်းကို အတွေ့ အကြုံရှိ Copywriter နဲ့ Digital Marketer တွေက ဦးဆောင်ဆွေးနွေး သွားမှာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီလောကရဲ့အခြားစီနီယာတွေပါ လာရောက်ဆွေးနွေးပေးဦးမှာမို့ Copywriter နဲ့ Content writer အဖြစ် အသက်မွေးဝမ်းကြောင်းပြုလိုတဲ့ လူငယ်ခြေတက်လေးတွေအနေနဲ့ လုံးဝလက်လွတ်မခံသင့်တဲ့ ပွဲလေးဖြစ်ပါတယ်။ ထုံးစံအတိုင်း ဆွေးနွေးပွဲလေးရဲ့ နောက်ဆက်တွဲ အမေးအဖြေကဏ္ဍလေးလည်း ရှိမှာပါ။ ပွဲတစ်ခုလုံး မြန်မာလိုပဲ ဆွေး နွေးမှာဖြစ်ပြီး အခမဲ့တက်ရောက်နိုင်ပါတယ်။ အစားအသောက်များကိုလည်း အခမဲ့စီစဉ်ပေးထားပါတယ်” လို့ပြောဆို ထားပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts