ကဗျာ

မျိုးတေဇာမောင် ● နှစ်ပေါင်းသုံးဆယ်

မျိုးတေဇာမောင် ● နှစ်ပေါင်းသုံးဆယ်
(မိုးမခ) သြဂတ်စ် ၈၊ ၂၀၁၈

တစ်နှစ်တစ်ခါ ကဗျာရေးမလား
တစ်နှစ်တစ်ခါ ကြေကွဲမလား
တစ်နှစ်တစ်ခါ ပူဆွေးမလား
တစ်နှစ်တစ်ခါ အံကြိတ် တောက်ခေါက်မလား
နှစ်ပေါင်းသုံးဆယ် ။

တကယ်တော့ ဒါဟာ ဂျူဗလီမဟုတ်ဘူး
အောက်မေ့တသဖွယ် ကိစ္စ
ဝမ်းနည်းပူဆွေးရမယ့် ကိစ္စ
အံကြိတ်ရမယ့် ကိစ္စ
အဲ့သလို သက်သက်ပဲ။

ပုဂ္ဂလိက အတွေးအခေါ်ပဲပြောပြော
တိမ်တယ်ပဲပြောပြော
ပေတစ်ရာပေါ်က ခြောက်သွေ့စသွေးတွေပေါ်မှာ
စစ်ဖိနပ်ကို ချွတ် ပြီး ကတ္တီပါဖိနပ်လဲဝတ်လာတဲ့
ခြေထောက်တွေ
နင်းခွင့်မပြုကြပါနဲ့။

ခွပ်ဒေါင်းဟာ
ရှက်ရွံတဲ့ မျက်နှာပေးနဲ့
အလံထဲကထွက်ပြီး
တောထဲတောင်ပေါ်
လွတ်လွတ်လပ်လပ် ပျံသန်းချင်နေပြီ။

မျိုးတေဇာမောင်

 

သရုပ်ဖော်ပန်းချီ – စောငို


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts