မိုးမခကို ပေးတဲ့စာ

ဒီနေ့ မနက်ဖြန် ပြန်ခွင့်ရနိုးနိုး နဲ့ ၇၅နှစ်ရှိ က၀ိအိုလည်း တရားနဲ့ ဖြေတဲ့အဆင့် ရောက်နေပါပြီ

ဒီနေ့ မနက်ဖြန် ပြန်ခွင့်ရနိုးနိုး နဲ့ ၇၅နှစ်ရှိ က၀ိအိုလည်း တရားနဲ့ ဖြေတဲ့အဆင့် ရောက်နေပါပြီ

စီစီသွယ် (S/OKA ၀၈၉၈၁၈)၊ မိုးမခ၊ သြဂုတ် ၄၊ ၂၀၁၈
လွန်ခဲ့သော”နှစ်၂၀” က’ ဂျာမဏီနိုင်ငံ၊ Osnabruck မြို့၏ မြို့တော်ခန်းမတွင်
နိုဘယ်ဆုရ တိဗက်ဘုန်းတော်ကြီး ဒလိုင်းလားမားနှင့်အတူ
(ဓါတ်ပုံ ဦးမောင်မောင်ရံ ၊ ၆၊၆၊ ၉)

အဝေးရောက် နိင်ငံရေး အဖိုးအို ဒေါက်တာစိန်ဝင်း၏ဇနီးစီစီသွယ်မှ အစီရင်ခံ တင်ပြအပ်ပါသည်ရှင့်။

လမ်းကြုံလျင်၊ ကျွန်မတို့၏ပြည်သူ့သမ္မတကြီးနှင့် လူထုခေါင်းဆောင်၊ နိုင်ငံတော်အတိုင်ပင်ခံတို့ထံ သယ်သွားပေးပါရှင့်။

ကျွန်မတို့ မြန်မာပြည်ပြန်ခွင့်ရရန် … “၇၊ ၇၊ ၂၀၁၆ မှ စ၍’’ စဉ်ဆက် မပြတ်ကြိုးစားနေတာ  “၂ နှစ်” ကျော် ပါပြီ။ ဆရာ (ဒေါက်တာစိန်ဝင်း) လည်း တရားနဲ့ ဖြေတဲ့အဆင့် ရောက်နေပါပြီ။

၂၀၁၆ မှစ၍ သားလေး လရောင် နွေကျောင်းပိတ်ရောက်တိုင်း … “ဒီနေ့ မနက်ဖြန် ပြန်ခွင့်ရနိုးနိုး’’ နဲ့ စောင့် နေရတာ ယခုကျောင်းပြန့်ဖွင့်ရန် တလနီးပါးပဲ ကျန်ပါတော့သည်။ (နွေကျောင်းပိတ် ၃ ခါ ကျော် ခါနီးပါပြီ။)

အခြေအနေပေးလျှင် “ ရှစ် လေး လုံး နှစ် ၃၀ ပြည့်နေ့” တွင် မြန်မာပြည်တွင် ရှိချင်ပါသည်။ အိမ်ပြန်ရောက်သင့်ပြီ။

လေးစားစွာဖြင့်

စီစီသွယ် (S/OKA ၀၈၉၈၁၈) ခေတ္တ – အမေရိကန်ပြည်ထောင်စု
PS … အဝေးရောက် နိင်ငံရေး အဖိုးအို၊ က၀ိအိုတယောက်၏ ခံစားချက်နှင့် က၀ိအို၏အိမ်ပြန်ချိန်တို့ကို http://moemaka.com/archives/63663 နှင့်
http://moemaka.com/archives/52678 တို့တွင် ဖတ်ရှုနိုင်ပါသည်။

ကလေးနှစ်ယောက် အပါအ၀င် ကျွန်မတို့မြန်မာနိုင်ငံသားစစ်စစ် ကိုးဦးသည် “ပထမဦးဆုံးအကြိမ် လကံ္ခရ ရှိသော မြန်မာသံရုံးမှ e-mail (သံအမတ်ကြီးကိုယ်စား ဦးဆွေဆက် မှ ၂၀၊၄၊ ၂၀၁၈ တွင် ပေးပို့သော e-mail (စာအမှတ် ၈၁-၈၃/ ၄၅ ၁၁ ၁၁)) အတိုင်း “မြန်မာနိုင်ငံကူး စာအုပ်နှင့် နိုင်ငံသားစိစစ်ရေးကဒ်များကို အမေရိကန်နိုင်ငံဆိုင်ရာ ပြည်ထောင်စုသမ္မတမြန်မာနိင်ငံတောာ် သံအမတ်ကြီး ဦးအောင်လင်းအား လိပ်မူ၍  ၃၀၊၄၊၂၀၁၈ တွင် လျှောက်ထားခဲ့ပါသည်။ (ယင်းကို နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၊ ဒုနိုင်ငံခြားရေးဝန်ကြီး၊ အမြဲတန်း အတွင်းဝန် ညွှန်ခုပ်၊ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနတို့အား နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန၏ e-mail များမှ တင်ပြခဲ့ပါသည်။)

ကမ္ဘာအနှံ့ ပြန့်ကျဲနေတဲ့ က၀ိအိုတွေ၊ တိုင်းပြည်အတွက် နှစ်ပေါင်းများစွာ “တော ဖြတ်၊ ထောင် ဖြတ်” ခဲ့ရသူတွေ၊ ရောက်ရာနေရာတွေမှာ အတွေးရော အလုပ်ရော အမိမြေအတွက် ပေးဆပ်နေသူတွေ ဘယ်တော့ “ခံဝန်ချက် ထိုးရတဲ့ဘ၀” ကလွတ်မလဲ။ ဘယ်တော့မှ သိက္ခာရှိရှိ အိမ်ပြန် ရပါ့မလဲ။ ဘယ်တော့မှ …

အိမ်ပြန်ရောက်သင့်ပြီ။
စီစီသွယ် (S/OKA ၀၈၉၈၁၈) ခေတ္တ – အမေရိကန်ပြည်ထောင်စု
ည ၁၀နာရီ ၁၀မိနစ်၊ သြဂုတ် ၃၊ ၂၀၁၈


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts