ဝင်းအောင်ကြီး မှတ်စုမှတ်တမ်း မောင်အောင်မွန်

မောင်အောင်မွန် (၀င်းအောင်ကြီး) – ၈-၈-၈၈ ရောင်းစားသူ၊ ကောင်းစားသူနှင့် သေသွားသူများ (၁)


မောင်အောင်မွန် (၀င်းအောင်ကြီး) – ၈-၈-၈၈ ရောင်းစားသူ၊ ကောင်းစားသူနှင့် သေသွားသူများ (၁) 

(မိုးမခ) သြဂုတ် ၄၊ ၂၀၁၈

အထောက်တော်လှအောင် အရေးအခင်းနဲ့ ၀င်းအောင်ကြီး

(၁)

၈-၈-၈၈ အရေးအခင်းကြီး။ ရှေ့ပြေးအဖြစ် ၀တ္ထုရေးသူ မောင်အောင်မွန် ကနေ အယ်ဒီတာ ၀င်းအောင်ကြီး အကြောင်းတစေ့တစောင်းပါ။

(၂)

၁၉၈၇ ခု၊ မှာ ဘယ်ကလောင်က ဘာစာထွက်သလဲသိ၊ရယူနိုင်စွမ်းရှိသူ သတင်းစာအယ်ဒီတာချုပ်၊ သတင်းဂျာနယ် အယ်ဒီတာချုပ် လုပ်ခဲ့ဖူးသူ အထောက်တော်လှအောင်က သတင်းလွှာဂျာနယ် ထုတ်နိုင်ဖို့ ပြင်ဆင်ရာ၌ ဘာသာပြန် ဆရာကြီးများ ဖြစ်ကြသော တင်မောင်မြင့်က ဒု-ချုပ်၊ မြတ်ငြိမ်းက အုပ်ချုပ်မှုအယ်ဒီတာအဖြစ်ရာထားခဲ့သည်။

(၃)

မြန်မာ့အသံထွက်၊ ဆိုဗီယက်၊ ဂျာမနီ၊ပြင်သစ်၊ဗြိတိန်၊ ဂျပန်တို့က မီဒီယာနဲ့ထိတွေ့ခဲ့သူ၊ Kuwait News Agency (KUNA) ၏ မြန်မာနိုင်ငံဆုင်ရာ နိုင်ငံခြားသတင်းထောက်အဖြစ်က ဦးနေ၀င်းကိုယ်တိုင် ပြောကြားသည့် ကျုံတနိရေနံကိစ္စ သတင်းအမှားကြောင့် အလုပ်ပြုတ်ခဲ့ရသူ ကျနော့အား Foreign Affairs Editor အဖြစ်ရထား၏။

မောင်အောင်မွန်၏ ကလောင်ခွဲ ၀င်းအောင်ကြီး သုံးဖို့ဖြစ်လာရ၏။

(၄)
ထိုစဉ်ကထုတ်ဝေနေသည့် နိုင်ငံပိုင်သတင်းစာ အားလုံးသည် မြန်မာ့သတင်းစဉ်က ပေးသည့် ရေးသည့်အတိုင်း ဖေါ်ပြနေကြသည်ကို သရော်သောအားဖြင့် အပတ်စဉ်ထုတ် သတင်းဂျာနယ်ကို သတင်းလွှာ (News Bulletin) ဟု အယ်ဒီတာချုပ် အထောက်တော်လှအောင်က နာမည်ပေးသည်။
သောင်ပြောင်းထွေလာ ထုတ်ဝေခွင့်ငှါးထုတ်စဉ်ကပင် အားထားရသော ကာတွန်းငွေကြည်လည်းပါလာ ဖျာပုံကိုသောင်းညွန့်လို သူရောင်းရင်း နယ်သတင်းထောက်များနှင့် ပြန်ဆက်ကာ ပြည်တွင်းသတင်းများ ထည့်လို့ရသေလာက် ထည့်နှင့်— ၁၉၈၇ ခု၊ဒီဇင်ဘာလတွင် စတင်ထုတ်ခဲ့ကြ၏။

(၅)

သို့သော်လည်း နိုင်ငံခြားသတင်းကို ဟန်ပြအဓိကထားသည်။
ထုတ်ဝေခွင့်ငှါးထုတ်ခြင်းမဟုတ်ဘဲ၊ သတင်းဂျာနယ် အသစ်ထုတ်ခွင့်ရအောင် ကြံတတ် ဖန်တတ် ငွေထုပ်နှင့် ထိုးဖောက်နိုင်စွမ်းရှိသူ အထတလှအောင်က အမှတ်(၁) တွင် ထည့်သွင်းသည့် ကာတွန်းငွေကြည် ဦးနေ၀င်းမိသာစု စီးပွါးရေးကို သရော်ထားပုံ ကာတွန်းကိုသာ ကြည့်ပါ။
လူအများစိတ်ဝင်စားသည်ကိုသိ၊ သတင်းကိုင်လှုပ်တတ်သူ အထတလှအောင်က အဖုံးမှာ ပါကစ္စတန်စာလုံကသေးသေး– လေယာဉ်ပျက်ကျလို့ ဗိုလ်ချုပ်တွေသေ စာလုံးကဧရာမအကြီးကြီးနှင့် ထုတ်ရာ ရောင်းကောင်း၏။ အလားတူ ဆက်စခန်းသွားကြ၏။
ဒုဗိုလ်မှူးကြီးဦးဆောင်ကာ အာဏာကိမ်းပြီ ဆိုတဲ့စလားမည်ကြီးနှင့် ဖိလစ်ပိုင်သတင်း မျက်နှာဖုံးကြောင့် အပိတ်ခံလိုက်ရသည်။

(၆)

ကျွန်တော်တို့ အယ်ဒီတာ (၃) ယောက် လခ မရ ကြတော့။
သို့သော်လည်း ဇာတ်ပေါင်းမကွဲကြပါ။ အထတလှအောင်အပါး၌ စုကာဆုံကာ နေလေ့ရှိ၏။ သတင်းစာ သတင်းဂျာနယ် မထုတ်ရလျှင် စားမ၀င် အိပ်မပျော်– ပြောရပါစေတော့ သေလျှင်ပင် အသေမဖြောင့်မည့်သူရဲ့ ပြန်ထုန်နိုင်ရေး အိပ်မက်ထဲ ကျွန်တော်တို့ အယ်ဒီတာပြုတ် (၃) ယောက်လည်း ၀င်ပါနေရ၏။

(၇)

၈-၈-၈၈ အရေးအခင်းကြီး၏ သတင်းများ၊ ဓာတ်ပုံများ ပထမဆုံး စွန့်စားဖေါ်ပြသည့် သတင်းမဂ္ဂဇင်း ထုတ်ပြန်ကြပုံကို ဆက်လက်ရေးသားပါမည်။

၂၀၁၈ ခု၊သြဂုတ်လ (၂၈) ရက်နေ့


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts