ကဗျာ

မောင်မှိုင်းလွင် (အင်းဝ) ● အလေးနီ

မောင်မှိုင်းလွင် (အင်းဝ) ● အလေးနီ
(မိုးမခ) ဇူလိုင် ၂၈၊ ၂၀၁၈

“အလေးပြု”
အော်သံအဆုံးမှာ
ညာလက်ရုံးတွေ မိုးကိုတိုက်
အလေးနီ ဦးခိုက်ကြပြီ။

တောင်တန်းတွေလည်း အလေးနီ
မြစ်ချောင်းတွေလည်း အလေးနီ
သစ်တောအုပ်လည်း အလေးနီ
မြေကမ္ဘာ တုန်ခါသွားအောင်
ကမ္ဘာတခွင် ပဲ့တင်ဟီးအောင် အလေးနီ။

မြင့်မြတ်တဲ့ ဘဝဟာ
ဂုဏ်ရောင်ပြောင်ခဲ့ပြီ
အလေးနီပြုရင်း
အလံနီကို လက်လွှဲယူစို့။

သွေးလိုနီ
စိန်ပန်းလို နီ
ပတ္တမြားလို နီ
အဲဒီအနီကို ဂုဏ်ပြုတဲ့
အလေးနီရဲ့ ဆုပ်တဲ့လက်သီး
ပိုပြီးစုစည်း ပိုပြီးကျစ်လစ်
သမိုင်းခေတ်သစ် ဖွင့်ကြစို့။          ။

မောင်မှိုင်းလွင် (အင်းဝ)
၂၅ ဇူလိုင် ၂၀၁၈


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts