ကဗျာ

မျိုးမွန်သွင် – ဆုမွန်ချွေပါသူငယ်ချင်း



မျိုးမွန်သွင် – ဆုမွန်ချွေပါသူငယ်ချင်း

(မိုးမခ) ဇူလိုင် ၂၅၊ ၂၀၁၈

အကြံကောင်းများရချင်
ရှေ့ကိုဘယ်လိုလှမ်းရပါ့။

အမြင်ဟာမှုန်ဝါးဆဲ
ပန်းတိုင်ဟာမသဲကွဲ။

တောက်တော့မဲ့မီးခဲလေး
ပြာဖုံးနေတာကြာ။

အကင်းပါးတဲ့ငါးကလေးလို
ဒီကွန်ယက်ကရုန်းထွက်ကြည့်အုံးမယ်။

ဆုမွန်၊ ဆုမွန်ချွေပါ သူငယ်ချင်း။

မင်းကမ်းမဲ့လက်ကိုမျှော်ရင်း
တလှမ်းချင်း၊ စမ်းပြီးလျှောက်ခဲ့မယ်။

ကမ္ဘာအတုကိုကျောခိုင်းရာ
အလင်းကြယ်စင်ထွန်းoင်းဖို့
ဆုမွန်၊ ဆုမွန်ချွေပါ သူငယ်ချင်း။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts

One thought on “မျိုးမွန်သွင် – ဆုမွန်ချွေပါသူငယ်ချင်း
  1. အလွန်ကောင်းသောစာများစုစည်းသောနေရာပါ

Comments are closed.