ကဗျာ

မိုနေးသစ် ● ငါး​မြားချိတ်​​ပေါ်က ငါးစက်​ရုံ

မိုနေးသစ် ● ငါး​မြားချိတ်​​ပေါ်က ငါးစက်​ရုံ
(မိုးမခ) ဇူလိုင် ၂၁၊ ၂၀၁၈

မ​မျှော်​လင့်​ခြင်း​တွေ
အသံ​သေပြီးရင်း
သေလို့။

မေးချင်​တယ်
ခိုက်​ခိုက်​တုန်
စိုရွှဲရင်း
မတိတ်​နိုင်​​သေးတဲ့​လောကမှာ။

အရွက်​​ခြွေတယ်
အကိုင်းခုတ်​တယ်
ပင်​စည်​ဖြတ်​တယ်
နောက်​ဆုံး
အမြစ်​ပါမကျန်​။

အထက်​ကို
မဆန်​နိုင်​ဘူး
စုန်​ဆင်းလာတဲ့
အရှိန်​​တွေ​ကြောင့်
ပဲ့ကျခြင်းကမ်းပါးများ။

ငါး​တွေက​တော့
ဥချတိုင်း
မြွေအမြိုခံရ
လုံးပါးပါးရင်း။

မို​နေးသစ်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts