K ငြိမ်းချမ်း သတင်းပဒေသာ

Our diverse Identities အမည်ရတဲ့ အနုပညာလှုပ်ရှားမှု အစီအစဉ် Pansodan Scene မှာ ကျင်းပမယ်


Our diverse Identities အမည်ရတဲ့ အနုပညာလှုပ်ရှားမှု အစီအစဉ် Pansodan Scene မှာ ကျင်းပမယ်
K (မိုးမခ) ဇူလိုင် ၂၁၊ ၂၀၁၈

Our diverse Identitiesအမည်ရတဲ့ ကျွန်ုပ်တို့၏ကွဲပြားခြားနားသော ကိုယ်ပိုင်အမှတ်လက္ခဏာများ အနုပညာလှုပ်ရှားမှု အစီအစဉ်တခုကို ရန်ကုန်မြို့ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းလမ်း အမှတ် ၁၄၄ရှိ Pansodan Scene မှာ ဇူလိုင်၂၁ ရက်မှ ၂၂ ရက်နေ့ထိ ပြုလုပ်ကျင်းပသွားမယ်လို့သိရပါတယ်။

အဆိုပါ အနုပညာလှုပ်ရှားမှုအစီိအစဉ်ကို Pansodan Scene နှင့် အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းတခုဖြစ်တဲ့ People in Need တို့မှ ပူးပေါင်းကျင်းပခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။

ကျွန်ုပ်တို့၏ကွဲပြားခြားနားသော ကိုယ်ပိုင်အမှတ်လက္ခဏာများ အနုပညာလှုပ်ရှားမှု အစီအစဉ်မှာ တက်ရောက်လာသူများ အနေနဲ့ပြပွဲအတွင်း ခဏတာလာရောက်ပါဝင်လိုက်ခြင်းအားဖြင့် ပန်းချီပညာရှင်များမှ သင်၏ကိုယ်ပိုင်အမှတ်လက္ခဏာများ အပေါ် အခြေခံပြီး ရေးဆွဲဖန်တီးလိုက်သော သင်၏ကိုယ်ပိုင်ဝိသေသလက္ခဏာများကို ကိုယ်စားပြုတဲ့ မျက်နှာဖုံးတခုကို ရရှိနိုင်မှာဖြစ်ပြီး သင် ဖော်ပြလိုသည့် ကိုယ်ပိုင်ဝိသေသများနှင့် ကိုက်ညီသော မျက်နှာဖုံးတခုကို ပန်းချီဆရာများနှင့်အတူ အနုပညာမြောက်စွာ ဖန်တီးနိုင်မှာဖြစ်တယ်လို့လည်းဆိုထားပါတယ်။

မျက်နှာဖုံးတခုနဲ့ ပျော်ရွှင်စွာဆင်နွှဲနေတဲ့ ပုံရိပ်များကိုလည်း အဆိုပါလှုပ်ရှားမှုအတွက် ဖွင့်လှစ်ထားသော facebook event အတွင်း ထည့်သွင်းဖော်ပြပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။

Our diverse Identitiesအမည်ရတဲ့ အနုပညာလှုပ်ရှားမှုအစီအစဉ်ကို ဇူလိုင် ၂၁ရက်မှ ၂၂ရက်ထိ မနက် (၁၁) နာရီမှ ညနေ (၃) နာရီ အထိ ကျင်းပသွားမှာဖြစ်ပြီး လာရောက်ပါဝင်ဖို့လည်း ဖိတ်ခေါ်ထားပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts