ရသဆောင်းပါးစုံ

ဥက္ကာကျော် ● ပိုးလမ်းကြီးပေါ်က ငြိမ်းချမ်းရေးကြေညာစာတမ်း

ဥက္ကာကျော် ● ပိုးလမ်းကြီးပေါ်က ငြိမ်းချမ်းရေးကြေညာစာတမ်း
(မိုးမခ) ဇူလိုင် ၁၉၊ ၂၀၁၈


(က)
ကမ္ဘာပေါ်တွင် ကြေညာစာတမ်းပေါင်း မြောက်များစွာ ထွက်ပေါ် ခဲ့ဘူးပေပြီ။  ကဗျာဆရာတို့ရဲ့ ကဗျာကြေငြာ စာတမ်းများ၊ ပန်းချီဆရာတို့ရဲ့ ပန်းချီကြေညာစာတမ်းများ၊ နိုင်ငံရေးသမားတို့ရဲ့နိုင်ငံရေး ကြေငြာစာတမ်းများ စသည်ဖြင့်။

ထိုထဲတွင်ရုရှားကဗျာဆရာ မာယာကော့ဖ်စကီးတို့ရဲ့ အနာဂတ်ဝါဒကဗျာ ကြေညာစာတမ်းသည် အလွန်ကျော်ကြား လှပေ ၏။  နိုင်ငံရေးကြေငြာစာတမ်းများတွင် ကားလ်မတ်နှင့်အိမ်ဂျယ်တို့၏ ကူမြူနစ်ဝါဒ ကြေညာစာတမ်းသည် နှစ်ပေါင်းများစွာ ကြာသည့် ယနေ့တိုင်မရိုးနိုင်သော ကြေညာစာတမ်း တစ်စောင်ဖြစ်ပေသည်။ ထို့ကြေညာစာတမ်းသည် ကျွန်ုပ်တို့မြန်မာ ပြည် ကုန်းဘောင်ခေတ် လှိုင်ထိပ်ခေါင်တင် တို့ စိန်ခြူးကြာညောင်းနေစဉ် အနောက်ဥရောပတွင် ပေါ်ပေါက်ခဲ့သော နိုင်ငံ ရေးကြေညာစာတမ်း ဖြစ်သည်ဆိုကြပေသည်။

ထိုစာတမ်းများထက် ရှေးကျသော ကြေညာစာတမ်းတစ်စောင်သည် အာရှပိုးလမ်း မကြီးပေါ်တွင် ပေါ်ပေါက်ခဲ့ဘူးပေသည်။ ထို စာတမ်းကားငြိမ်းချမ်းရေးကြေညာ စာတမ်း….

×××××××××××××××××××××××××××××××××

ထိုကြေညာစာတမ်း ကို မဇ္ဈိမဒေသတွင်း သိဒ္ဓတ္ထမင်းသား မွေးဖွားသည်မှ စရပေမည်။

26 April 624BC= မဟာသက္ကရာဇ် ၆၈ ကဆုန်လပြည့် သောကြာနေ့ သိဒ္ဓတ္ထ မွေးဖွား။

27 APr 608  BC = မဟာညသက္ကရာဇ်-၈၄၊ ကဆုန်လပြည့် သိဒ္ဓတ္ထမင်းဖြစ်။ 4 August 595BC မဟာ သက္ကရာဇ်၊  ၉၇ ဝါဆို လပြည့် တနလာင်္သိဒ္ဓတ္တ တောထွက်။ ၃၀ April ၅၈၉ BC=မဟာသက္ကရာဇ်၁၀၃ခု ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ ဗုဒ္ဓအဖြစ် ရောက်။ ထိုသို့ ဗုဒ္ဓအဖြစ်သို့ ရောက်ပြီး သတ္တ သတ္တာဟ ကာလ များကို လွန်မြောက်ပြီး 27 June 589BC = မ ဟာသက္က ရာဇ် ၁၀၃ခု၊ ဝါဆိုလပြည့် စနေနေ့ ပဉ္စဝဂ္ဂီငါးဦးအား ဓမ္မာစကြာင်္ တရားဦးမဟောမှီ တရက် မဟာဗောဓိမှ မိဂဒါဝုန်သို့ အ သွား ဥပက ပရိဗ္ဗိုက်နှစ်တွေသောအချိန် အာရှတိုက်၏ ပိုးလမ်းမကြီးပေါ်၌ဍ္ဍ ငြိမ်းချမ်းရေး ကြေညာ စာတမ်းထုတ်ခဲ့ခြင်း ဖြစ်သည်။

ဓမ္မစက္ကံပဝတ္တေတုံ၊ ဂစ္ဆာမိ ကာသီနံပုရံ အန္ဓီဘူတသိံ္မ လောကသိံ္မ၊ အာဟဥ္ဆံ အမတဒုန္ဒုဘိံ “တရားစက်ဝန်းလည်ပတ်ရန်၊ ကာသိတိုင်းကို ငါသွားမယ်၊ အလင်းမရ အမှောင်ကျနေတဲ့ လောကကြီးထဲမှာ မသေရာအမှန်ငြိမ်းချမ်းရေး အမြိုက်စည်ကြီး ကိုငါတီးမယ်လို့ ပြောခဲ့ပေသည်။

ဒါဟာ BC 589. June 27 မတိုင်မီ တစ်ရက်က ဗုဒ္ဓရဲ့ ငြိမ်းချမ်းရေး ကြေညာစာတမ်းပါပဲ။ ပိုးလမ်းမကြီးပေါ်က အတိုဆုံး ငြိမ်းချမ်းရေး ကြေညာစာတမ်းပါပဲ။

(ခ)
ရှေးခေတ်က ကာသိသည် တိုင်းကြီးတစ်တိုင်းဖြစ်သည်။ ဗာရာဏသီသည် ကာသိတိုင်း၏ မြို့တော်ဖြစ်သည်။ ဂင်္ဂါမြစ်၏ လက်ဝဲဘက်၌ လခြမ်းသဏ္ဌာန်တည်ရှိသော မြို့တစ်မြို့ ဖြစ်သည်။

ဗုဒ္ဓမတိုင်မီ ခေတ်ကကာသိတိုင်းသည် လွတ်လပ်သော စည်ပင်ကြွယ်ဝသော တိုင်းနိုင်ငံ ကြီးတစ်နိုင်ငံဖြစ်သည်။

ဗာရာဏသီသည် ကူးသန်းရောင်းဝယ်မှု အချက်အချာ ဌာနတစ်ခုလည်းဖြစ်သည်။ ရေလမ်း၊ ကုန်းလမ်း လမ်းနှစ်မျိုးဖြင့် အခြား အိန္ဒိယမြို့များသို့ သွားနိုင်သည်။ ဗာရာဏသီမှ ကုန်းလမ်းဖြင့်သွားကြသော ကုန်သည်တို့ သည် လမ်းခရီး၌ကြမ်းတမ်း သောတောကြီးများ ရှိသောကြောင့် ခက်ခက်ခဲခဲ သွားကြရသည်။

ဗာရာဏသီမှ လမ်းတစ်လမ်းသည် တက္ကသီလာသို့ ထိပေါက်သည်။ တက္ကသီလာသည် ထိုခေတ်က အိန္ဒိယ ကုန်သွယ် များနှင့် နိုင်ငံခြားကုန်သည်များ တွေ့ဆုံကုန်ဖလှယ်ရာဌာနဖြစ်သည်။

ဗုဒ္ဓစာပေကျမ်းဂန်များအရမြင်း ကုန်သည်တို့သည် ဥတ္တရာပထ (ဂန္ဓာရ) (ယ္ခုပါကစ္စတန်) မှ မြင်းများကိုဝယ်ယူလာပြီး ဗာရာဏသီမှ ရောင်းချကြောင်း၊ တစ်ဖန် ဗာရာဏသီမှ ကုန်သည်များသည် ပင်လယ်ရေ ကြောင်း ကူသန်းရောင်းဝယ်မှုကိုလည်း ပြုကြသည်။ ပင်လယ်ခရီးအတွက် ဗာရာဏသီမှ လှေသင်္ဘောများထွက်သည်။ ဇာတ်တော်များ၌ လည်းကုန်ကူးသန်း ရောင်းဝယ်ရေးအတွက် ပင်လယ်ခရီးသွားပြကြောင်းပါရှိသည်။

ဗာရာဏသီမှထွက်သော အဝတ်အထည်၊ စန္ဒကူး၊ ဆင်စွယ်ပစ္စည်း၊ အိုးခွက်၊ ကစားစာရာ၊ သစ်သား နှင့် လုပ်သော ပစ္စည်းများ ကို တခြားမြို့များသို့ တင်ပို့ရောင်းချကြောင်း ကျမ်းဂန်တို့၌ အကျယ်တဝင့် ပါသည်။

မဟာဝဂ္ဂ၌ ကာသိဘုရင်ဗြဟ္မဒတ္တ၏ အဆင့်အတန်းမြင့်သောအခြေအနေနှင့် တခြား မြို့များနှင့်စာလျှင် ဗာရာဏသီ၏ စီပွားရေး အဆင့်အတန်း မနိမ့်ကြောင်းဖော်ပြထားသည်။

ကာသိတိုင်းထွက် အဝတ်အထည်ကို ကာသိကုတ္တမ၊ ကာသိယ ဟူ၍ ခေါ်ဝေါ်သည်။

သံယုတ္တနိကာ ဝတ္တတိသုတ်၌ ကာသိတိုင်းဖြစ် အဝတ်အထည်ကို တခြားအဝတ်အထည်များ ထက်အဆင့်မြင့်သည်ဟု ဆိုထားသည်။ ထေရီဂါထာ တနေရာ၌ ဘိက္ခုနီ တစ်ပါးအား လူဆိုးတစ်ယောက်က ကာသိတိုင်းဖြစ် အဝတ်အထည်နှင့်မတ်လုံးပေးမြူဆွယ်ဘူးသည်။

ရှေ့အခန်း၌ ဗုဒ္ဓနှင့် တွေ့ခဲ့သော ကျွန်ုပ် တို့ဇာတ်လိုက်ဥပက ပြန်လည်၍ ရဟန်းပြုတော့မည့်အခါ စာပါသည် “ကာသိတိုင်း ဖြစ်အဝတ် ဝတ်ထားသော ကျုပ်လိုအချောအလှကိုပစ်ပြီး ရှင်.ဘယ်သွားမလို့လဲ” ဟု ပြောသည်။ ဤမျှ ကာသိတိုင်းဖြစ် အဝတ်အထည်သည် သြဇာကြီးသည်။ မိလိန္ဒာပဥှာ၌ ယောနက (ဂရိ) ဘုရင် မိလိန္ဒ၏ နေပြည်တော် သာဂလသို့ ကာသိတိုင်း မှ အဝတ်အထည်များ တင်ပို့ရကြောင်း၊ ဗုဒ္ဓလက်ထက်တော် အခါက ကာသိတိုင်းဖြစ် ပုဆိုးများနာမည်အထူးကျော်ကြားသည်။ အဝတ်အထည်အပြင် စန္ဒကူးနှင့် ပတ်သတ်၍လည်း ထင်ရှားကျော်ကြားသည်။

ဇာတ်နိပါတ်များနှင့် အဂုင်္တ္တရနိကယ်တို့၌ ကာသိတိုင်းထွက် စန္ဒကူး အကြောင်းဖော်ပြ ထားသည်။ ကာသိတိုင်း စန္ဒကူးသား လုပ်ငန်း အကြောင်းပါသည်။ ဗာရာဏသီအနီး၌ လက်သမားရွာတရွာ ရှိသည်။ ထိုရွာ၌ လက်သမားဦးရေ ငါးရာရှိသည်။ ထိုလက်သမားများသည် တောထဲသွားပြီးသစ်သားများကို ရွေကာ အထပ်များစွာရှိသော အိမ်များကို ကျွမ်းကျင်စွာ ဆောက်လုပ်ကြသည်။  ဗုဒ္ဓစာပေ ကျမ်းဂန်များအရ ဗာရာဏသီသည် ဆင်စွယ်များ ကိုလည်း အရောင်းအဝယ်လုပ်ကြောင်းသိရ သည်။

ထိုသို့စီးပွားဖွင့်ဖြိုးတောင့်တင်းလှသော အဝတ်အထည် အထက်တန်းကျလှသော ကာသိတိုင်းနှင့် ကာသိတိုင်းမြို့တော် ဗာရာဏသီကို ရှေးခေတ်က ကမ္ဘာ့စီးပွား ကုန်စည်ကူးသန်းလမ်းကြောင်း တစ်ခုဖြစ်သော အာရှ၏ ပိုးလမ်းမကြီးသည် ကာသိတိုင်းမြို့တော် ဗာရာဏသီကို မုချဖြတ်သန်းသွားရပေမည်။

သို့ဆိုလျှင် ဗုဒ္ဓဂယာ၌ သစ္စာလေးပါးကို သိမြင်တော်မူပြီးနောက် ဗုဒ္ဓသည် ဗာရာဏသီအနီး ဣသိပတန မိဂဒါယ (မိဂဒါဝုန်း) ယ္ခုခေတ် ဆာရနတ်။သို့ ဓမ္မစကြာင်္တရားဦးဟော ကြွရာ၌ ထိုနာမည်ကျော် ပိုးလမ်းမကြီးကို အသုံးပြု သွားရပေမည်။

ထိုသို့သွားသည့် အခါ ဥပက တက္ကဒွန်း ကို ထိုပိုးလမ်းမပေါ်၌ တွေ့ဆုံပြီး.ငါဇီနဘဲ မသေတဲ့စည်ကို ရိုက်ဆော်ဖို့ ကာသိတိုင်းကို ငါသွားမယ်လို့ ငြိမ်းချမ်းရေး ကြေငြာစာတမ်းကို ကြေငြာခဲ့သည်မှာ ထိုအာရှရဲ့ ပိုးလမ်းမကြီးပေါ် ပင်ဖြစ်ပေ၏။ တနည်းအားဖြင့် ဗုဒ္ဓ၏နောက်ဆုံး သာဝကဖြစ်မည့် ဥပကကို ထိုစဉ်ကပင် ကြိုတင် စာရင်းသွင်းထားခြင်းဖြစ်ပေသည်။ ဥပကသည် ဗုဒ္ဓကို ပထမဆုံး ဖူးတွေ့ရပြီး နောက်ဆုံးတပည့် ဖြစ်ရသူတည်း ထူးဆန်းပေစွ။

(ဂ)
မှန်ပေသည်။ ဗုဒ္ဓသည်ပထမဦးဆုံး ငြိမ်းချမ်းရေးကြေငြာစာတမ်း အတိုင်းပင် သက်တော်ထင်ရှားရှိစဉ် လေးဆယ့်ငါးဝါသော ကာလပတ်လုံး ဟောကြားခဲ့သော တရားတို့ သည်၊ သတ္တဝါတွေငြိမ်းချမ်းဖို့၊ ခန္ဓာကိုယ်တွင်း ကိလေသာတို့မှ ငြိမ်းချမ်းဖို့၊ပြင်ပပတ်ဝန်းကျင်နှင့် သင့်တင့်မျှတဖို့၊ငြိမ်းချမ်းရေးတရားများကိုပင် ဟောခဲ့ပေသည်။

သာကိယနှင့်ကောလိယ နှစ်ပြည်ထောင် မင်းအပေါင်းတို့ စစ်ခင်းသည်ကို လည်းငြိမ်းချမ်း ရေးရအောင်ဟောကြားခဲ့ပေသည်။

ကောသမ္ဘီရဟန်းများ မသင့် မတင့်ဖြစ်၍ စေ့စပ်ဖြန်ဖြေမရသည့်အခါ ပါလိလေယျက တောသို့ဧကစာရီကျင့်၍ ရဟန်းများ လာရောက် တောင်းပန်သည့်အခါ…………….

နဟိဝေရေန ဝေရာနိ
သမ္မ န္တီဒ ကုဒါစနံ။
အဝေရေနစ သမ္မ န္တိ၊
ဧသဓမ္မော သန န္တနော။       ။

ရန်ကိုရန်ခြင်း မတုန့်လျင်းနှင့်၊ တုန့်ပြန် လျင်ဘယ်တော့မှ မငြိမ်းချမ်း၊ ရန်တုန့် မပြန်ခြင်း နှင့်သာ ငြိမ်းအေးနိုင်တယ်။ ဒါဟာရှေးသူတော် ကောင်းသူမြတ်လောင်းတို့ရဲ့ အစဉ်အလာပဲဟု ငြိမ်းချမ်းရေးတရားကိုသာ ဟောခဲ့ပေသည်။

ယုတ်စွ အဆုံးဝိဋဋူ ပဆွေတော်မျိုးတော် တိုကို အမျက်သို၍ အမျိုးဖြုတ်ရန်စစ်ချီသည်ကို ပင် အရိပ်ငါးပါးတရားဟော၍ ဆာယာနာမ အရိပ်တို့မည်သည်၊ ဥာတကာနံ-ဆွေမျိုးတို့၏ ဆာယာအရိပ်သည်၊သီတလာ-အေးမြလှ၏ “ဟု နှစ်ကြိမ်တိုင်တိုင် နားချခဲ့တုံသေး၏။

ဗုဒ္ဓသည် ဤသို့ပင် မိမိကြေငြာစာတမ်း အတိုင်းလေးဆယ့်ငါးဝါပတ်လုံးကျင့်သုံးခဲ့၏။

ထိုဗုဒ္ဓငြိမ်းချမ်းရေးကြေငြာစာတမ်း ကြေငြာခဲ့သော ပိုးလမ်းမကြီးသည်ကာလ ရှည်ကြာစွာပျောက်ခဲ့၏။ ထိုပျောက်ကွယ်ခဲ့ သော စီးပွားကုန်သည်တို့ ကုန်သွယ်ရာ ပိုးလမ်းမ သစ်ကြီး ကိုယခုအကောင်အထည်ဖော်နေ၏။

ယခုလည်း ဗာရာဏသီသည် ဒေလီ၊ ကာလကတ္တား ဘုံဘေ စသောမြို့ကြီးများနှင့် စာလျှင်တောမြို့သသဖွယ် ဖြစ်သော် လည်း ပညာရေး၊ ဘာသာရေး၊ ယဉ်ကျေးမှု ဆိုင်ရာ အချက်အချာဌာန များရှိသည့် စာအုပ်ဆိုင်များရှိ သည်။ ထို့ကြောင့် ပိုးလမ်းမသစ်ကြီးတွင်လည်း ဗာရာဏသီကို ဖြတ်သန်းရမည်။ ဗာရာဏသီ ကိုဖြတ် သလို့ ကျွန်ုပ်တို့မြန်မာပြည် ကိုဖြတ်ကာ တရုတ်ပြည်သို့ မုချဖြတ်သန်းရမည်။

ယ္ခုတရုတ်သမ္မတ ရွှေကျင်ဖျင်ကာ အာရှရဲ့ပိုးလမ်းမကြီးကို ခေတ်မှီမှီ ပြန်လည်အသက်သွင်းဖို့ကြိုးစားနေ၏။ နိုင်ငံပေါင်းများ စွာ စုရုံးကြ၍ အကောင်အထည်ဖော်သင့် သလောက်လည်း ဖော်နေ၏ အောင်မြင်ပါစေဟု လည်း ကျွန်ပ်ဆုတောင်းပါသည်။ ထိုနှင့်တစ်ဆက်ထဲ …. …. …

ကျွန်ုပ်တို့ တိုင်းရင်းသားဆွေမျိုးများ လက်နက်ကြီးငယ်နှင့် သတ်ဖြတ်စစ်တိုက်နေကြ၏။

တောင်ပေါ် တောင်အောက်တောထဲပါမကျန် သေကြေပျက်စီးနေကြ၏။ အာရှပိုးလမ်းမကြီးလည်းအကောင်အထည် ပေါ်တော့မည်။ ထိုအကောင်အထည်ပေါ်လာသော ပိုးလမ်းမကြီး ပေါ်၌မည်သူသည်၊ မသေနိုင်သော အမြိုတ်စည် ကြီးကို ဆော်ရွှမ်းတီးခတ်ပါအံ့နည်း။

ငြိမ်းချမ်းရေးကြေငြာစာတမ်းကို မည်သူတွေ လင်မှတ်ရေးထိုးပါအံ့နည်း။

အာရှပိုးလမ်းမကြီးနှင့်အတူ ငြိမ်းချမ်းရေး စည်တော်ရွှမ်းနိုင်ပါစေဟု ဆုတောင်းလိုက်ပေသည်။

ကျွန်ုပ်နောက်ဆုံးပြောလိုသည်မှာ

‌ဂါမေ ဝါ ယဒိ ဝါရညေ၊နိန္နေဝါယဒိဝါထလေ  ယတ္ထသမဇနာဝိဟရ န္တိ၊တံဘူမိရာမဏေယျကံ

မြို့ကြီးရပ်ရွာလူစည်ရာ၌ဖြစ်စေ၊ တောကြို အုံကြားမစည်ကားရာ၌ဖြစ်စေ၊ ချိုမ့်ဝှမ်း ချောက်ခြားဝေးလံသီခေါင်သောအရပ်၌ဖြစ်စေ၊ တောင်ပေါ်ကုန်းမြင့် ကြည်းကုန်းအရပ်၌ဖြစ်စေ၊ စိတ်တူ ကိုယ်မျှ ညီညွတ်သူတို့နေကုန်၏။ ထိုမြေ အရပ်သည် မွေ့လျော်ဘွယ်ရာအရပ်၊ ပျော်ရွှင် ဘွယ်ရာအရပ်သာတည်း။

Ref;
၁ ။ အရှင်စန္ဒာလကာင်္ရမဏိရတနာပုံ ကျမ်းလာရက်စွဲများ
၂။ ပါရဂူစန္ဒာလကာင်္ရ အိန္ဒိယ ခရီးသည်
၃။ စာနယ်ဇင်း သတင်းများ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts