ကဗျာ

ရာမိုးဇင် ● ရပ်ကွက်ထဲက ကြယ်တွေရဲ့စကား

ရာမိုးဇင် ● ရပ်ကွက်ထဲက ကြယ်တွေရဲ့စကား
(မိုးမခ) ဇူလိုင် ၉၊ ၂၀၁၈

ညဟာ
ဝမ်းမီးတောက်နေတဲ့ မျက်လုံးတွေနဲ့
အမှောင်ထုကို စိုက်ကြည့်နေတယ်။

ရွာရိုးကိုးပေါက်မှာ
ကြယ်ပွင့်တချို့တလေ လင်းပွင့်
မျိုးစေ့မမှန်တဲ့ကောင်းကင်ကို ဆွဲဖွင့်ပစ်ဖို့
ငါတို့မိသားစုတခုလုံး
စကားတွေ ဆွံ့အ
ကိုယ်စီကိုယ်ငှ မျက်ရည်ပူတွေကျလို့။

ညီလေးရေ… … …
“ဝမ်းမီးမငြိမ်းသေးဘူး” တဲ့
အမေက အဖေ့ကို တီးတိုးပြောလိုက်တယ်
မင်းကြားရဲ့လား
တကယ်ဆိုရင်
ငါတို့ ခွန်အားနဲ့ ရှာဖွေရုန်းကန်ခဲ့သမျှ
အနာဂတ်အသေနေ့တွေထဲမှာ
နေ့လွဲ ညစာ… …
ညလွဲ နေ့စာ။      ။

ရာမိုးဇင်
၂၅၊ ၆၊ ၂၀၁၅


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts