ဂျုနီယာဝင်း လောကဓာတ်ခန်း

ဆိုလာစနစ်ကို စတင်မိတ်ဆက်ပေးတာ ဘယ်သူလဲ

ဆိုလာစနစ်ကို စတင်မိတ်ဆက်ပေးတာ ဘယ်သူလဲ

ဂျူနီယာဝင်း၊ စွယ်စုံကျမ်းမိတ်ဆက်၊ (မိုးမခ) ဇူလိုင် ၈၊ ၂၀၁၈
ဆိုလာစနစ်ဆိုသည်မှာ နေကနေလာသော ရောင်ခြည်များကို စွမ်းအင်ဖြစ်အောင် ထုတ်လုပ်ခြင်းဖြစ် သည်။ ဆိုလာပြားများသည် ထိုသဘောတရားတစ်ခုဖြစ်သည်။ ဆိုလာ = Solar ဆိုတာ နေရောင်ခြည်ဖြစ် သည်။ ဆိုလာပြားများသည် နေကလာသော ရောင်ခြည်များကို ရယူသော အပြားများဖြစ်သည်။ ထိုဆိုလာပြား များကို ခေါင်းမိုးပေါ်တွင် ထပ်ဆင်ထားပါကာ နေရောင်ခြည်ကို တိုက်ရိုက်ရယူက ထိုစွမ်းအင်ဖြင့် အိမ်အတွင်းရှိ လျှပ်စစ်မီး ၊ အိမ်သုံးလျှပ်စစ်များကို အသုံးပြုလို့ရလေသည်။ ပုံတွင် ဆိုလာပြားများကို အိမ်ခေါင်းမိုးပေါ်တွင် တပ်ဆင်နေပုံ။ ပုံတွင် ဆိုလာပြားများကို တပ်ဆင်ထားသော အိမ်ကလေး။ ထို့ကြောင့် မီးပျက်သည့်အခါ ဆိုလာ ပြားများကြောင့် မီးလင်းရုံမက တီဗီတို့ဘာတို့လည်း ကြည့်လို့ မပျက်ပါ။ ထိုစနစ်ကို စတင်မိတ်ဆက်ပေးသူမှာ အမေရိကန်ပညာရှင် ချားလ်စ်ဖရစ် (Charles Fritts) ဖြစ်သည်။ ထိုကဲ့သို့ အလုပ်လုပ်သော ဆိုလာပြားများကို ၁၈၈၃ ခုနှစ်တွင် မိတ်ဆက်ပေးသူအဖြစ် သူ့အမည်ကို ပေးထားကြပါသည်။ ပုံတွင် ချားလ်စ်ဖရစ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts