ဂျုနီယာဝင်း စာအုပ်စင် မောင်ရစ်

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

 

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

(မိုးမခ) ဇူလိုင် ၃၊ ၂၀၁၈

မိုးမခစာပေက အင်္ဂလိပ်ဘာသာ (ဘာသာပြန်မဟုတ်) စာအုပ်အဖြစ် Junior Win’s The picture of Junior Win – My Life will go on ထုတ်ဝေလိုက်ပါပြီ။

စာရေးသူက သူ့ဘလော့ဂ်မှာ အင်္ဂလိပ်ဘာသာနဲ့ My Life will go on အမည်နဲ့ အခန်းဆက်ရေးထားတဲ့ ဆောင်းပါးတိုများ ဖြစ်ပါတယ်။ သူ့ဆောင်းပါးတွေကို ကာတွန်းမောင်ရစ်က သရုပ်ဖော်ဆွဲထားပြီး သူဖြတ်သန်းခဲ့တဲ့ ဘ၀ဇာတ်ကြောင်းက မိသားစုဓာတ်ပုံတွေကိုလည်း မျှဝေထားပါတယ်။

ဂျူနီယာဝင်းဟာ အင်္ဂလိပ်ဘာသာနဲ့ပဲ A Memory of My Grandparents (2015) စာအုပ်နဲ့ ကွယ်လွန်သွားတဲ့ အဘိုးအဘွား ဦးခင်မောင်လတ် ဒေါ်ခင်မျိုးချစ်တို့ ဘ၀ရုပ်ပုံလွှာနဲ့ မိသားစုဇာတ်ကြောင်းကို ရေးသားထုတ်ဝေခဲ့ပါတယ်။ ဒါ့အပြင် အင်္ဂလိပ်ဘာသာနဲ့ပဲ Burmese Days & Flowers ကို ရေးသားခဲ့ပါတယ်။

မြန်မာစာရေးဆရာက အင်္ဂလိပ်ဘာသာနဲ့ ရေးထားတာဖြစ်ပါတယ်။ သူကြုံတွေ့ ဖြတ်သန်းရတဲ့ ငြိမ်းချမ်းတဲ့ မိသားစုဘ၀နဲ့ လှိုင်းထန်တဲ့ ပညာရေးဘ၀၊ စာရေးဆရာဘ၀ကိုလည်း ထုတ်ဖော်ရေးသားထားတာဖြစ်ပါတယ်။

ဆိပ်ကမ်းသာစာပေ – အမှတ် ၁၃ / ၃၈ လမ်း။ ပလာဇာဈေးသစ် ။ ၀၉ ၇၈၆၈၃၇ ၃၀၅ / ၀၉ ၉၆၃၆၉၉၈၃၄ က ဖြန့်ချိပါတယ်။ အုပ်ရေ ၅၀၀၊ စာမျက်နှာ ၁၂၈။ တန်ဖိုး ၃ထောင် ကျပ် ဖြစ်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts