K ငြိမ်းချမ်း သတင်းပဒေသာ

ငါတို့စာပေစာအုပ်တိုက် ၁၅ နှစ်ပြည့်အထိမ်းအမှတ် အထူးဈေးရောင်းပွဲ Yangon Book Plaza မှာ ကျင်းပမယ်


ငါတို့စာပေစာအုပ်တိုက် ၁၅ နှစ်ပြည့်အထိမ်းအမှတ် အထူးဈေးရောင်းပွဲ Yangon Book Plaza မှာ ကျင်းပမယ်
K (မိုးမခ) ဇွန် ၂၈၊ ၂၀၁၈

ငါတို့စာပေ NDSP စာအုပ်တိုက် ၁၅ နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်မြို့လမ်းမတော်မြို့နယ် သံဈေး ငါးလွှာရှိ Yangon Book Plaza မှာ ဇွန်လ ၃၀ရက်ကနေ ဇူလိုင် ၂ ရက်ထိ ပြုလုပ်သွားမယ်လို့သိရပါတယ်။

အဆိုပါစာအုပ်တိုက် ၁၅နှစ်ပြည့်အခမ်းအနားမှာ ငါတို့စာပေတိုက်ထုတ် စာအုပ်အဟောင်းအသစ်များကို ၃၀% လျှော့ ရောင်းချခြင်းနဲ့ အမှတ်တရ အစီအစဉ်များစွာ ထည့်သွင်းထားပြီး ငါတို့စာပေ ၁၅ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ငါတို့စာပေ တိုက်ထုတ်စာအုပ်အများဆုံး ရှိသူများအတွက် အထူးအစီအစဉ်တစ်ရပ်ကို ကျင်းပခဲ့ပြီး ဆုရရှိသူများကိုလည်း အဆိုပါပွဲမှာ ဆုလက်ဆောင်များ ချီးမြှင့်ပေးသွားမယ်လို့လည်းသိရပါတယ်။

ငါတို့စာပေစာအုပ်တိုက်ကို စာရေးဆရာမြေမှုန်လွင်က ၂၀၀၃ခုနှစ်ကစ ထူထောင်ထုတ်ဝေခဲ့တာဖြစ်ပြီး ၀တ္ထု၊ဆောင်းပါး၊ သရော်စာ၊ ဘာသာပြန်၊ နိုင်ငံရေးစာအုပ်ပေါင်းများစွာကို ထုတ်ဝေလျက်ရှိပါတယ်။

ယခု ၃ ရက်ကြာပြုလုပ်မယ့် အထူးဈေးရောင်းပွဲတော်ကို နေ့စဉ် မနက် ၉ မှ ည ၇ နာရီထိ ပြုလုပ်သွားမှာဖြစ်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts