ကဗျာ မြန်မာပြည်တွင်း

မောင်နောင်မွန် – လောင်ကျွမ်းပြာကျပြီးနောက် -၃

KT#
 လောင်ကျွမ်းပြာကျပြီးနောက် -၃
မောင်နောင်မွန်
(မိုးမခ) ဇွန် ၂၃၊ ၂၀၁၈ 

တံစို့သီခံထားရသောအသားစိုင်တခုလို

နံနက်ခင်းတခုရဲ့နေထွက်ချိန်မှာ
မိုးသားတခုလုံး အနီတွေစွေနေ
ခပ်ဖျော့ဖျော့တက်လာတဲ့လေပြင်းသံတချက်တချက်မှာ
ယမကာတထောင်းထောင်းနဲ့
ဒီရေတွေကျပြီလား 
လငပုတ်ဖမ်းပြီးလား
ဖြတ်တားခံရသော မီးပွိုင့်မှာ
အလံတော်ဟာ ပြာကျခဲ့ရတယ်။  ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts