K ငြိမ်းချမ်း သတင်းပဒေသာ

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် လူငယ်များရဲ့အခန်းကဏ္ဍ ခေါင်းစဉ်ဖြင့်ဆွေးနွေးပွဲ ဇွန်၂၄


အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် လူငယ်များရဲ့အခန်းကဏ္ဍ ခေါင်းစဉ်ဖြင့်ဆွေးနွေးပွဲ ဇွန်၂၄
K (မိုးမခ) ဇွန် ၂၂၊ ၂၀၁၈

The Wines Institute က ကြီးမှူးကျင်းပတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် လူငယ်များရဲ့အခန်းကဏ္ဍ ခေါင်းစဉ်ဖြင့် ဆွေး နွေးပွဲတရပ်ကို ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရားလမ်းနဲ့ အနော်ရထာလမ်းထောင့်ရှိ Orchid Hotelမှာ ဇွန်လ ၂၄ရက် နေ့ လယ် ၁ နာရီမှ ညနေ ၄ နာရီခွဲထိ ကျင်းပပြုလုပ်သွားမယ်လို့သိရပါတယ်။

အဆိုပါ ဆွေးနွေးပွဲမှာ ဦးဆောင်ဆွေးနွေးမယ့်သူများကတော့ ဦးအောင်မိုးဇော် (လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)၊ ဒေါ် စူဇန်နာလှလှစိုး(အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)၊ ဦးမြအေး(ဖက်ဒရယ်ဒီမိုကရက်တစ် အင်အားစု- FDF)၊ ဦးစိုင်းညွှန်ွှ့ လွင်( ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်-SNLD)တို့ဖြစ်ပြီး တက်ရောက်လာသူများနဲ့ အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်သွားမယ်လို့လည်း သိရပါတယ်။

ယခုဆွေးနွေးပွဲ ကျင်းပရခြင်းနဲ့ပတ်သက်ပြီး ပွဲစီစဉ်ကျင်းပတဲ့ The Wines Institute မှ ပရိုဂရမ်မန်နေဂျာဖြစ်သူ မ ရှား ယမုံက “ ယခု မြန် မာပြည်မှာ အမျိုးသားရင်ကြားစေ့ရေးကိစ္စရပ်တွေမှာ လူငယ်တွေကနေ ဘယ်လိုနေရာကနေ ပါဝင် လုပ်ဆောင်နိုင်မလဲ ပြီးတော့ နောက်တခုက ပြည်သူတွေ အဲဒီကိစ္စရပ်တွေမှာ ဘယ်လိုပါဝင်မလဲ၊ အဲဒါကို အဓိက ရည် ရွယ်ပြီး ပြုလုပ်တာပါ”လို့ ပြောပြပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts