K ငြိမ်းချမ်း စာအုပ်စင်

စာရေးဆရာ ညီညီအောင်(မြိုင်မြို့)ရဲ့ယုန်တစ်ကောင်ရဲ့စစ်ချီတေး


စာရေးဆရာ ညီညီအောင်(မြိုင်မြို့)ရဲ့ယုန်တစ်ကောင်ရဲ့စစ်ချီတေး

K (မိုးမခ) ဇွန် ၂၁၊ ၂၀၁၈

စာရေးဆရာ ညီညီအောင်(မြိုင်မြို့)ရေးသားတဲ့ယုန်တစ်ကောင်ရဲ့စစ်ချီတေး အမည်ရတဲ့မဂ္ဂဇင်းဝတ္ထုတိုစုစည်းမှု စာအုပ် သစ်ကို ၂၀၁၈၊ ဖေဖော်ဝါရီလကျော်လောက်မှာ မန္တလေးမြို့ဆောင်းစုရတီစာပေကနေ ထွက်ရှိထားပါတယ်။

မဂ္ဂဇင်းမှာရေးသားခဲ့တဲ့ ၀တ္ထုတို ၂၅ပုဒ်ကို စုစည်းထုတ်ဝေထားတာဖြစ်ပြီး ကဗျာဆရာနေမျိုးနဲ့ စာရေးသူကိုယ်တိုင် အမှာ စာ ရေးသားထားပါတယ်။

ပါဝင်တဲ့ဝတ္ထုတိုများကတော့ ဖိနပ်တစ်ဖက်ရဲ့အစိမ်းရင့်ရင့်မှတ်တမ်း၊ ညရဲ့သံစဉ်၊ မှော်ဆရာ မနိုင်သော ဓာတ်လုံးတစ်လုံး၊ ဂန္ထ၀င်ပြဇာတ်၊ ခါးကျိုးသွားသည့် ၀တ္ထု၊ ပြဒါးမဲ့ မှန်တစ်ချပ်ပေါ်က အက်ကြောင်းများ၊ တိမ်မည်းညို မျိုတဲ့ လရောင်ည၊ ကံ ကြမ္မာဟာ လက်ရည်ညံ့တဲ့လေးသမား၊ နံရိုးတွေအောက်က မုန်တိုင်များ၊ သံစဉ်ကျိုးပျက်နေသည့် အ၀ါရောင်တေးသွား တစ်ပုဒ်၊ သံဆူးကြိုး၊ ဥခွံအတွင်းက လူ၊ လမ်းပျောက်နေတဲ့ည၊ တိမ်တွေတောက်နေတဲ့ညနေခင်း၊ ညောင်ပင်တစ္ဆေ၊ ဖြစ် တည်မှု မြားတစ်စင်း၊ တမ္ပ၀တီသံစဉ်၊ အပြာရင့်ရင့်လေရိုင်းများ၊ အရောင်ခပ်မွဲမွဲ လူတစ်ဦးရဲ့ရွတ်နေကျ ကျမ်းစာတစ်ပုဒ်၊ ယုန်တစ်ကောင်ရဲ့စစ်ချီတေး၊ အဆိပ်သင့်နေကြသူများ၊ တိမ်တွေနဲ့ပြည့်ကျပ်နေတဲ့ကောင်းကင်၊ ပေါက်ပန်းပွင့်ချိန်၊ ပခြုပ် ထဲက မြွေနာတစ်ကောင်၊ နွားသတ်ကုန်းက တစ္ဆေနှစ်ကောင်တို့ဖြစ်ပါတယ်။

စာရေးဆရာ၊ ကဗျာဆရာနေမျိုးအမှာစာမှာ “၀တ္ထုတိုကောင်းတစ်ပုဒ်သည် ၀တ္ထုဆုံးလျှင် အတွေးစားသည်ဟုဆိုကြပါ သည်။ ယခု ညီညီအောင်(မြိုင်)၏၀တ္ထုတိုများကို ကျွန်တော်ဖတ်ကြည့်သည်။ သူနှင့်ကျွန်တော် ရှုမြင်ပုံခြင်း မတူတာတွေ ရှိနေပေမယ့် သူ့ရဲ့အားထုတ်မှုနှင့် အနုပညာကိုမူ အသိအမှတ်မပြုဘဲမနေနိုင်ပါ။ သူ၏ကောင်းမွန်သော စကားပြေကို အသိ အမှတ်မပြုဘဲ မနေနိုင်ပါ။ သူ၏၀တ္ထုရေယဉ်မှာ ချက်ကျလက်ကျ ပြောပြနေသော အညာသားတစ်ယောက်၏စကားပြော ဟန်နှင့်တူသည်။ ညီညီအောင်(မြိုင်)သည် မြိုသိပ်မှုနဲ့အတူ မြိုသိပ်မှုထဲမှ ထွက်ပြူလာသော အရေးအသားအချို့ကိုမူ ကျွန် တော် မျက်ခုံးပင့်မိသည်” လို့ရေးသားထားပါတယ်။

(ယခုကဏ္ဍအတွက် ပူးပေါင်းပါဝင်လိုသူများသည် မေတ္တာလက်ဆောင် စာအုပ်နှစ်အုပ်ဖြင့် 09-790 96-20-67 သို့ ဆက် သွယ်နိုင်ပါသည်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts