ကဗျာ

လင်းသစ္စာဦး ● ဗုံးခိုကျင်းထဲက ငြိမ်းချမ်းရေး


လင်းသစ္စာဦး ● ဗုံးခိုကျင်းထဲက ငြိမ်းချမ်းရေး
(မိုးမခ) ဇွန် ၁၇၊ ၂၀၁၈

ဆင်းရဲတဲ့နိုင်ငံမှာ
အသက်ကအစ ဆင်းရဲတော့
ဘာကို နှမျောနေရဦးမှာလဲ …

စားစရာမရှိတော့
လာခဲ့ ကျည်ဆံတွေ
အတွဲလိုက်  အတွဲလိုက်
ဗိုက်ဝအောင်စားပစ်လိုက်တယ် …

ဗုံးခိုကျင်းတွေ
မလိုပါဘူး
ငါတို့အသက်ဓာတ်ဟာ
ဗုံးခိုကျင်းထက် နက်တယ် …

ငါတို့အသက်ကိုမှ
ငါတို့ မြဲမြဲ မကိုင်ချင်ကြတော့တာ
ရှင်သန်ခြင်းဟာ
ခဲရာခဲဆစ် လေးလံနေမှတော့
ဆန်ကာပေါက်ဖြစ်တာ
ဘာအရေးလဲ
အသက်ကို ဒိုင်းလိုကာပြီး တက်ခဲ့တယ် …

တခုပဲ
ငြိမ်းချမ်းရေးဆိုတဲ့အသံလေး
ရောက်ရာအရပ်က ကြားချင်သေးတယ် …

လင်းသစ္စာဦး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts