K ငြိမ်းချမ်း စာအုပ်စင် သတင်းပဒေသာ

စာရေးဆရာသင့်နော်ရဲ့စာအုပ် ရေးသူဖတ်သူဆွေးနွေးပွဲ မန္တလေးမှာ ပြုလုပ်

စာရေးဆရာသင့်နော်ရဲ့စာအုပ် ရေးသူဖတ်သူဆွေးနွေးပွဲ မန္တလေးမှာ ပြုလုပ်

K (မိုးမခ) ဇွန် ၁၂၊ ၂၀၁၈

မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနဲ့ စာအုပ် စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ ပူးပေါင်းကျင်းပသော စာပေမြတ်နိုးသူများ စာဖတ်ဝိုင်း ရေးသူဖတ်သူဆွေးနွေးပွဲကို မန္တလေးမြို့ ၆၂ လမ်းx မြဝတီမင်းကြီး လမ်းထောင့် ပြည်ကြီးတံခွန်မြို့ နယ်ရှိ ခရိုင်ပြန်ကြားရေးရုံးမှာ ယနေ့ မနက် ၉နာရီမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

အဆိုပါရေးသူဖတ်သူဆွေးနွေးပွဲမှာ ထွန်းဖောင်ဒေးရှင်းဆုရ စာရေးဆရာသင့်နော်ရဲ့ အတိတ် လူ ပုံရိပ်နှင့် စာအုပ်များ စာ အုပ်ပါ အကြောင်းအရာများကို ဆရာသင့်နော်၊ ဆရာအနီမောင်၊ ဆရာသိုက်ထွန်းသက်၊ ဆရာဦးထွန်းအောင်ကျော် (တရား လွှတ်တော်ရှေ့နေ)၊ ဆရာညိုထွန်းလူတို့က ဦးဆောင်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူစာပေမြတ်နိုးသူများနဲ့အပြန် အလှန် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ယခုလိုရေးသူဖတ်သူဆွေးနွေးပွဲကို ၂၀၁၈ခုနှစ်အတွင်း တတိယအကြိမ်မြောက်ကျင်းပခြင်းဖြစ်ပြီး ပထမအကြိမ်မှာ ဆရာ မြသန်းတင့်၏ တောင်သမန်ရွှေအင်းက လေးညှင်းဆော်တော့၊ ဒုတိယအကြိမ်မှာတော့ ဆရာညီပုလေး၇ဲ့ ချိုမြမြဓားသွား ထက်က ပျားရည်စက် စာအုပ်များဖြင့် စာပေစကားဝိုင်းများ ကျင်းပခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ-ဆရာစိုးဘားဒိုင်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts