ကဗျာ

ဖိုးရွှေညီမှိုင်း ● သဘာဝရဲ့ ရင်​​သွေးငယ်​​တွေ …*

ဖိုးရွှေညီမှိုင်း ● သဘာဝရဲ့ ရင်​​သွေးငယ်​​တွေ …*
(မိုးမခ) ဇွန် ၅၊ ၂၀၁၈

ကမ္ဘာဦးက ပဋိပက္ခ
ခုမှ ရှင်းလို့ရမှာလား။

အသားစားသတ္တဝါ​တွေဟာ
အသီးအရွက်​​တွေကို
ဘယ်​​တော့မှ မစားတတ်​တာ “သဘာဝ”
သူတို့လိုအင်​အားလုံးက
သွေးနဲ့ အသား။

ဂင်္ဂါဝါဠု သဲစုမက ဘုရား​တွေ ပွင့်​ထွန်း
ကျွတ်​တန်းဝင်​ကြဖို့ ဆုံးမ
ဆုံးမထိုက်​သူ ကျွတ်​ထိုက်​သူများကိုသာ
တရားပြ။

ကမ္ဘာဦးအစက​နေ …
ဒီကမ္ဘာကြီးအဆုံး
လုံးဝပျက်​သုဉ်းသွားချိန်​ထိ
ရှိ​နေ ရှင်​​နေဦးမှာ
“သဘာဝ”။

ဖိုး​ရွှေညီမှိုင်း
၂၀၁၈ ဇွန်​ ၎

* The Wild Ones


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts