K ငြိမ်းချမ်း သတင်းပဒေသာ

ဗြိတိသျှကောင်စီ စာကြည့်တိုက်၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဟောပြောပွဲ ကျင်းပမယ်

 

ဗြိတိသျှကောင်စီ စာကြည့်တိုက်၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဟောပြောပွဲ ကျင်းပမယ်
K (မိုးမခ) ဇွန် ၄၊ ၂၀၁၈

ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မယ့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ဗြိတိသျှကောင်စီ စာကြည့်တိုက်နှင့် Green Future Artist Group တို့ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဟောပြောဆွေးနွေးပွဲကို ဇွန်လ ၅ ရက် အင်္ဂါနေ့ ညနေ ၃ နာရီအချိန်တွင် ရန်ကုန်မြို့ကမ်းနားလမ်း၊ အမှတ်-၇၈ ရှိ ဗြိတိသျှကောင်စီ စာကြည့် တိုက်မှာ ကျင်းပသွားမယ်လို့သိရပါတယ်။

ဟောပြောဆွေးနွေးမည့်သူများမှာ စာရေးဆရာမ ဂျူးနဲ့ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဒေါ်ဆွေဇင်ထိုက်တို့ဖြစ်ပြီး ဆွေး နွေးမယ့်ခေါင်းစဉ်များမှာ ပလတ်စတစ်ပြဿနာ အဖြေရှာ၊ ပလတ်စတစ်နှင့် ရစ်ပတ်ထားသော ဘဝများတို့ဖြစ်ကြောင်း သိရပါတယ်။

ဟောပြောပွဲသို့ တက်ရောက်လိုသူများအနေဖြင့် ယနေ့ ဇွန်လ ၃ ရက် (တနင်္ဂနွေနေ့) နောက်ဆုံးထား၍ ဗြိတိသျှကောင်စီ စာကြည့်တိုက်သို့ ဆက်သွယ်စာရင်းပေးရမှာဖြစ်ပြီး (သို့မဟုတ်) အွန်လိုင်းမှတဆင့် (http://bit.ly/2sk27nj) စာရင်းပေး သွင်းရမှာဖြစ်ပါတယ်။

ဟောပြောပွဲသို့ တက်ရောက်ရန် စာကြည့်တိုက်အသင်းဝင်များသည် အသင်းဝင်ကတ်ပြားယူလာရန် လိုအပ်ပြီး စာကြည့် တိုက်အသင်းဝင်မဟုတ်သူများအနေနဲ့ မှတ်ပုံတင်(သို့) ဓာတ်ပုံပါသော သက်သေခံ ကတ်ပြားတခုခု ယူလာရမှာဖြစ်ပါ တယ်။

အဆိုပါဆွေးနွေးပွဲတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အထိမ်းအမှတ် ပန်းချီကားများကိုလည်း ဇွန်လ ၅ ရက်မှ ၇ ရက်နေ့ အထိ ပြသထားမှာဖြစ်ပြီး စိတ်ပါဝင်စားသူများအနေဖြင့် စာကြည့်တိုက်ဖွင့်ချိန်အတွင်း လာရောက်ကြည့်ရှုနိုင်တယ်လို့ သိ ရပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts