Yan Naung (Bo Ta Htaung) ဓာတ်ပုံသတင်း

မြန်မာစာရေးဆရာကလပ် ဖန်တီးမှုအနုပညာသင်တန်း မြင်ကွင်း

 

မြန်မာစာရေးဆရာကလပ် ဖန်တီးမှုအနုပညာသင်တန်း မြင်ကွင်း

ရန်နောင်(ဗိုလ်တထောင်) မိုးမခ၊ ဇွန် ၂၊ ၂၀၁၈

စာပေဖန်တီးမှု အနုပညာသင်တန်းသို့ စာရေးဆရာ မောင်သိန်းလွင် နှင့် စာရေးဆရာမဂျူး တို့ လာရောက်သင်ကြားပို့ချခဲ့သည်ကို တွေ့ရသည်။ မြန်မာနိုင်ငံစာရေးဆရာကလပ်က ကြီးမှူးဖွင့်လှစ်လျက်ရှိသော စာပေဖန်တီးမှုအနုပညာသင်တန်းသို့ မေလ ၂၉ ရက် နယုန်လပြည့်နေ့က စာရေးဆရာ မောင်သိန်းလွင် က ဆောင်းပါးရေးနည်း နှင့် စာရေးဆရာမ ဂျူးက ဝတ္ထုတို၊ ရှည်ရေးသားနည်းများကို လာရောက်သင်ကြားပို့ချပေးခဲ့ကြသည်။

 

ဆရာ၊ဆရာမ များ၏ ဟောပြောပို့ချမှုအပြီးတွင် သင်တန်းသား ၊ သင်တန်းသူများက သိလိုသည်များကို မေးမြန်းဆွေးနွေးမှုကိုလည်း ဆက်လက်ပြုလုပ်ခဲ့သည်။ သင်တန်းဆင်းပွဲကို ဇွန်လ ၈ ရက်နေ့တွင် ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရားလမ်းရှိ အောခစ် ဟိုတယ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းနှင့် ယခု သင်တန်းအပြီးတွင် ဘာသာပြန်စာပေရေးသားနည်း သင်တန်းကို ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဆရာဦးသိန်းလွင် က ပြောကြားခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts