ကဗျာ မြန်မာပြည်တွင်း

မိုးခါး – ကောက်စိုက်တေး

KT#
ကောက်စိုက်တေး
မိုးခါး
(မိုးမခ) မေ ၃၀၊ ၂၀၁၈

မိုးမြင်မှ
ထယ်သွားပြင်ရတယ်လို့မဆိုလိုဘူး
မြှုပ်နေတဲ့ကန်သင်းရိုးနဲ့
ပျောက်နေတဲ့နွားသိုးနဲ့
ဘဝမီးဖိုချောင်
ရေယိုတာလည်းတဒုက္ခ
ပြန်မရသေးတဲ့ယာနဲ့
ပြန်ရလိုက်တဲ့ယာတဲ့
ခေါင်းစဉ်အောက်ဓာတ်မြေသြဇာနည်း
နည်းထည့်သုံးတော့လည်း
အတိုးသာတက်လာတယ်
လူမွေးပြောင်တဲ့ခေတ်ရောက်မလာတော့
ကောက်စိုက်တံကိုင်တဲ့လုံမငယ်လည်
ကမ္ဘာမကြေဘူး သီချင်းအလွတ်ရနေပြီ။  ။

22.5.2018

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts