ကဗျာ

လင်းသက်ငြိမ် ● အ​ကောင်းစားအရသာ


လင်းသက်ငြိမ် ● အ​ကောင်းစားအရသာ
(မိုးမခ) မေ ၂၈၊ ၂၀၁၈

ပျော်​ပါတယ်​ဆိုမှ ဖန်​ခွက်​က​လေးနဲ့လာခံ​နေတယ်
အမြုပ်​ပဲထွက်​​ပေးရမှာလား အချိုပဲများ​ပေးရမှာလား
သူ့လည်း ​ပျော်​​စေချင်​လို့ပါ။

အ​ကောင်းဆုံးက နိုင်​သ​လောက်​ပဲသယ်
ပို​ကောင်းတာက ဘာမှသယ်​မ​နေနဲ့။

ရေထဲ​မျှောလာတဲ့ပစ္စည်းကို
ရေကူး​နေတဲ့ လူရနိုင်​သလား။

ကောင်းကင်​ဘုံ ဗွက်​​ပေါက်​​နေပြီ
လောက်​တဖွားဖွားဒဏ်​ရာ​တွေနဲ့ ​မြေကြီးဟာငိုညည်း
ဆွဲအား​ကြောင့်​ ပန်းသီး​ကြွေကျလာသတဲ့
လမ်းကြိတ်​စက်​​တွေ လမ်း​ပေါ်​နေ​တော့
ငါတို့ပဲ ​ရှောင်​ကွင်းသွားခဲ့ကြရတာပဲ မဟုတ်​လား။

လင်းသက်​ငြိမ်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts