K ငြိမ်းချမ်း သတင်းပဒေသာ

ဒါရိုက်တာပန်းချီဆရာ ၀င်းဖေနဲ့ ခေတ်ပေါ်ပန်းချီဆရာ ၄ဦးရဲ့ တဒင်္ဂ အမည်ရတဲ့ပန်းချီပြပွဲ


ဒါရိုက်တာပန်းချီဆရာ ၀င်းဖေနဲ့ ခေတ်ပေါ်ပန်းချီဆရာ ၄ဦးရဲ့ တဒင်္ဂ အမည်ရတဲ့ပန်းချီပြပွဲ
K (မိုးမခ) နေ ၂၆၊ ၂၀၁၈

ဒါရိုက်တာပန်းချီဆရာ ၀င်းဖေနဲ့ ခေတ်ပေါ်ပန်းချီဆရာ ၄ဦးရဲ့ Moment Of Expressions တဒင်္ဂအမည်ရတဲ့ ပန်းချီပြပွဲကို ရန်ကုန်မြို့အလုံလမ်း People’s Park ရှိ Yangon Gallery မှာ မေလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့ထိ ပြသသွားမယ်လို့သိရပါတယ်။

အဆိုပါ တဒင်္ဂ ပန်းချီပြပွဲမှာ ၀င်းဖေ၊ ကိုကိုကြီး၊ စိန်မြင့်(ရွှေချည်ထိုး)၊ ကိုသိုက်၊ K2K တို့ရဲ့ပန်းချီလက်ရာများကို ကြည့်ရှု နိုင်မှာဖြစ်ပါတယ်။

၃ ရက်ကြာပြသသွားမယ့် Moment Of Expressions ပန်းချီပြပွှဲမှာ လက်ရာမျိုးစုံပါဝင်တဲ့ ပန်းချီကားပေါင်း ၁၀၀ ကျော်ကို မနက် ၁၀နာရီမှ ညနေ ၆ နာရီထိပြသသွားမယ်လို့လည်း Yangon Gallery က ပြောပြပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts