စာစုတို

အမ္ဗနဒီကျော်စွာ ● ကျွန်တော်နှင့် လူငယ်စာပေဖန်တီးသူတို့၏အရွေ့

အမ္ဗနဒီကျော်စွာ ● ကျွန်တော်နှင့် လူငယ်စာပေဖန်တီးသူတို့၏အရွေ့
(မိုးမခ) မေ ၁၇၊ ၂၀၁၈

လူငယ်များ ကလောင်သစ်များ စာပေဝါသနာရှင်များနှင့် ဝါရင့်စာပေဖန်တီးသူ ဆရာ/မကြီးများ မဂ္ဂဇင်း၊ ဂျာနယ်၊ စာစောင် နေ့စဉ်ထုတ်သတင်းစာတို့ကြားတွင် လိုအပ်နေသော ပေါင်းကူးတံတားလေးတစ်ခုဖြစ်စေရန်အလို့ငှာ ဝါသနာအရ ကဗျာ၊ ဆောင်းပါး၊ အက်ဆေး၊ ဝတ္ထုတို၊ ဝေဖန်ရေး၊ နိုင်ငံတကာစာပေ၊ ဘာသာပြန်စာပေ စသည်တို့ကို ရေးသားနေကြပြီး ပရင့် တက်မီဒီယာများပေါ်သို့ဖော်ပြရန် အခက်အခဲရှိသူများ အယ်ဒီတာတို့၏ စာမူရွေးချယ်ပုံမူများ တိုက်၏စာမူရွေးချယ် ဖော်ပြ ရေးမူများအပြင် ကလောင်သစ်များကိုဦးစားပေးကာ ရွေးချယ်ဖော်ပြပေးသောတိုက်များအကြောင်းတို့ကို အနည်းအကျဉ်းမျှ ဆွေးနွေးတင်ပြပေးမည်ဖြစ်ပြီး ကျန်ရှိနေနိုင်သော အချို့တိုက်များကိုလည်း ဖြည့်စွက်စဉ်းစားကာ နားလည်ပေးကြစေချင်ပါ သည်။

လူငယ်များ၊ ကလောင်သစ်များ၊ ဝါသနာရှင်များအတွက် စာတိုပေစကလေးများ ရေးသားကြပါသော်လည်း ပရင့်တက် မီဒီ ယာပေါ်သို့ရောက်ရန် စာမူရွေးချယ်ဖော်ပြရန်မှာ စာပေ စတင်ရေးသားသူတိုင်း၏ ကြီးကျယ်ခမ်းနာသော အိပ်မက်များ ဖြစ် သည်မှာ သေချာကြပါသည်။ ထိုကဲ့သို့ စတင်ရေးသားချိန်တွင် မိမိ၏စာမူမှာ အဆင့်မှမီပါရဲ့လားဆိုသော စိုးရိမ်စိတ်ဖြင့် စာမူများကို အယ်ဒီတာများ စာပေတိုက်များသို့မပို့ဘဲ သိမ်းထားခြင်း၊ လူမှုကွန်ယက် (facebook) ပေါ်တင်ခြင်းတို့ထက် မဂ္ဂဇင်း၊ ဂျာနယ်၊ စာစောင် သတင်းစာတိုက်များသို့ လူကိုယ်တိုင်သော်လည်းကောင်း စာတိုက်မှသော်လည်းကောင်း Email ဖြင့်သော်လည်းကောင်း မိမိစာမူကိုပို့ကာ အယ်ဒီတာများကို ဖတ်စေခြင်းဖြင့် နောက်ပိုင်းတွင် ဆက်လက်ရေးသား ဖန်တီး မည့် စာမူများအတွက် သင်ခန်းစာများ ပြုပြင်စရာများ အတွေ့အကြုံများ အရေးအသားအမှားများ စိတ်ခွန်အားများ စသည် ဖြင့် စာပေလမ်းပေါ်တွင်သော်လည်းကောင်း ဘဝလမ်းပေါ်တွင်လည်းကောင်း လက်တွေ့အသုံးချရမည့် ဖြေရှင်းရမည့် ပြဿနာအရပ်ရပ်အတွက်လည်း အားအင်များဖြစ်ပေါ်လာစေနိုင်ပါသည်။

မိမိရေးသားထားသော စာမူပုံစံနှင့် စာပေတိုက်တို့၏ စာမူရွေးချယ်မှုနည်းစနစ် အယ်ဒီတာတို့၏ စာမူရွေးချယ်မှု မူများ မကိုက်ညီလျှင် မိမိစာမူများမှာ ကောင်းမွန်ပါသော်လည်း စာပေတိုက်များ အယ်ဒီတာများက ရွေးချယ်ဖော်ပြမှုကို ပြုလုပ်ပေး နိုင်မည်မဟုတ်သလို မိမိစာမူများ ထိုတိုက်တွင် ရွေးချယ်ဖော်ပြခြင်းမရှိသည့်အတွက်လည်း စိတ်ပျက်စရာအားငယ်စရာ ဝမ်းနည်းစရာ မလိုပါ။ မိမိရေးသားထားသော စာမူပုံစံနှင့် လိုက်ဖက်မည့် လိုက်လျောညီထွေရှိမည့် အခြား စာပေတိုက်တစ်ခုသို့ ရွေးချယ်ပေးပို့ရန်သာမိမိတာဝန်ပင်ဖြစ်သည်။သို့သော် စာပေဖန်တီးသူ ဝါရင့်ဆရာ/မကြီးများ အများအပြားရေးသားနေသော စာပေတိုက်များ ကလောင်သစ်ကဏ္ဍမရှိသော စာပေတိုက်များသို့ စာမူပေးပို့မိလျင်လည်း မိမိစာမူများ ရွေးချယ်ဖော်ပြရန် မျှော်လင့်ချက်မှာ နည်းပါးပေလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် ကလောင်သစ်များ လူငယ်များ ဝါသနာရှင်များ အလွယ်တကူ ရွေးချယ်ကာ လေ့လာနိုင်စေရန် စာမူများပေးပို့နိုင်စေရန် ကလောင်သစ်များ လူငယ်များ ဝါသနာရှင်များကို ဦးစားပေးသော ကလောင်သစ်ကဏ္ဍရှိသော စာပေတိုက်များကို သိထားသလောက် မျှဝေဖော်ပြပေးပါမည်။

မဂ္ဂဇင်းများထဲတွင် ကလောင်အသစ် အဟောင်းမခွဲခြားဘဲ စာမူကောင်းလျှင်ကောင်းသလို ရွေးချယ်ဖော်ပြပေးသော တိုက် များမှာ (Faces or မုခမဂ္ဂဇင်း) (Youth မဂ္ဂဇင်း) (ဓမ္မဓူတ မဂ္ဂဇင်း) (ဓမ္မရိပ် မဂ္ဂဇင်း) (ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း-ကဗျာ ရင်ပြင်သစ်ကဏ္ဍ) (မဟေသီ မဂ္ဂဇင်း) (လင်းလွန်းခင် မဂ္ဂဇင်း) (ကျေးရွှေတမာ မဂ္ဂဇင်း) (The Best English မဂ္ဂဇင်း) (သာကီအလင်း မဂ္ဂဇင်း) (မိုးမခ အွန်လိုင်းမဂ္ဂဇင်း) (လွတ်လပ်လှိုင်း အွန်လိုင်းမဂ္ဂဇင်း) (ပန်းသီကြိုး အွန်လိုင်း မဂ္ဂဇင်း) (အပျိုစင် မဂ္ဂဇင်း) (မြဝတီ မဂ္ဂဇင်း-ကဗျာဖိုင်တွဲကဏ္ဍ-မြဝတီပွင့်သစ်ကဏ္ဍ) (ရသခေတ် မဂ္ဂဇင်း-ကဗျာကဏ္ဍ) တို့ဖြစ်ကြပါ သည်။

ဂျာနယ်များထဲတွင် (ပေါ်ပြူလာ ဂျာနယ်-ကဗျာကဏ္ဍ-ဝတ္ထုတိုကဏ္ဍ) (သူရိယအလင်း ဂျာနယ်-ကဗျာကဏ္ဍ-ဆောင်းပါး ကဏ္ဍ) (မြန်မာပိုစ့် ဂျာနယ်-ဆောင်းပါးကဏ္ဍ) (စောင့်ကြည့် ဂျာနယ်-ဆောင်းပါးကဏ္ဍ) (Weekly Headline ဂျာနယ်-ဆောင်းပါးကဏ္ဍ) (Unity ဂျာနယ်-ကဗျာကဏ္ဍ-ဆောင်းပါးကဏ္ဍ) (ဒီလှိုင်းစာစောင်-ကဗျာကဏ္ဍ-အက်ဆေး ကဏ္ဍ) တို့ ဖြစ်ကြပါသည်။

နေ့စဉ်ထုတ်သတင်းစာများထဲတွင် (ကြေးမုံ-မျိုးဆက်သစ်ရင်ပြင်ကဏ္ဍ) (စံတော်ချိန်-ကလောင်သစ် ကဗျာကဏ္ဍ) (မြန်မာ တိုင်းမ်-ကဗျာကဏ္ဍ-ဆောင်းပါးကဏ္ဍ-လူငယ်နှင့် တက္ကသိုလ်ကဏ္ဍ) (ဒီမိုကရေစီတူဒေး-အက်ဆေးကဏ္ဍ) တို့ဖြစ်ကြပါ သည်။

လူငယ်များ ကလောင်သစ်များ ဝါသနာရှင်များအနေဖြင့် ယခုတိုက်များသို့ အဓိကထားကာ စာမူများကို ရေးသား ပေးပို့ကြ လျှင် စာမူများ ရွေးချယ်ဖော်ပြခံရနိုင်ချေများပြီး အယ်ဒီတာများကလည်း ရောက်လာသမျှစာမူများကို ရာခိုင်နှုန်း ပြည့်နီး ပါးဖတ်သည်ဟု ပြောဆိုကောက်ချက်ချနိုင်ပြီး မိမိစာမူ ကောင်းရန်သာလိုအပ်ကာ စာမူကောင်းလျှင် ကောင်းသလို မိမိစာ မူကို အမြန်ဆုံးရွေးချယ်ဖော်ပြပေးမည့်တိုက်များဖြစ်သည်။သို့သော် အခြားတိုက်များကိုလည်း ပေးပို့နိုင်သည်ကို မမေ့စေ လိုပေ မဂ္ဂဇင်း ဂျာနယ် သတင်းစာတိုက်များ တစ်တိုက်ခြင်းစီတို့၏ မူများ အယ်ဒီတာတို့၏ စာမူရွေးချယ်မှုများကို သေချာလေ့ လာကာ သင့်တော်မည့်တိုက်ကို သင့်တော်မည့်စာမူများ ရွေးချယ်ကာ ပေးပို့နိုင်ကြပါစေကြေင်း ပေးပို့သော စာမူများနှင့် တိုက်၏ပေါ်လစီများ အယ်ဒီတာတို့၏မူများ တထပ်တည်းကျကာ စာမူများ ရွေးချယ်ဖော်ပြပေးခြင်းကို လက်ခံရရှိပြီး ပျော်ရွင် ဝမ်းမြောက်ကြရပါစေကြောင်း ဆုတောင်းပေးပါသည်။

အမ္ဗနဒီကျော်စွာ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts