K ငြိမ်းချမ်း သတင်းပဒေသာ

“သွေးစွန်းသော ကျောက်စိမ်းခရီး” ဓာတ်ပုံပြပွဲ မေလ ၁၆ရက်

“သွေးစွန်းသော ကျောက်စိမ်းခရီး” ဓာတ်ပုံပြပွဲ မေလ ၁၆ရက်
K (မိုးမခ) မေ ၁၆၊ ၂၀၁၈

Journey of The Blood Jade အမည်ရတဲ့ ဓာတ်ပုံပြပွဲ မေလ ၁၆ ရက်မှ ၁၈ရက်ထိ ရန်ကုန်မြို့ဒဂုံမြို့နယ် အလုံလမ်းရှိ People’s Parkအတွင်းရှိ Yangon Gallery မှာ နံနက် ၁၀ နာရီခွဲကနေ ၆နာရီထိ ပြသသွားမယ်လို့သိရပါတယ်။

အဆိုပါ သွေးစွန်းသော ကျောက်စိမ်းခရီးအမည်ရတဲ့ ဓာတ်ပုံပြပွဲမှာ ကချင်ပြည်နယ် ဖားကန့်မြို့ရှိ ကျောက်စိမ်းများ အ လွန်အကျွံထုတ်လုပ်မှုနှင့် ပတ်သက်ပြီး ၂၅ နှစ်တာအတွင်း မှတ်တမ်းတင်ခဲ့တဲ့ဓာတ်ပုံများကို ပြသသွားမယ်လို့ သိရပါ တယ်။

ပြပွဲကို Natural Resource Governance Institute အဖွဲ့က ကြီးမှူးကျင်းပတာဖြစ်ပြီး Ko Zaw (Hpakant ), Soe Win Nyein, Zaw Moe Htet , Nyan Hlaing Lin ဓာတ်ပုံဆရာ လေးဦး၏ ဓာတ်ပုံ စုစုပေါင်း ၇၀ခန့်ကို ပြသသွားမှာဖြစ်ပါ တယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts