ကဗျာ ဆောင်းယွန်းလ

ဆောင်းယွန်းလ ● ဒီလိုနဲ့ နောက်တနွေအေးစက်နေခဲ့ခြင်း

ဆောင်းယွန်းလ ● ဒီလိုနဲ့ နောက်တနွေအေးစက်နေခဲ့ခြင်း
(မိုးမခ) မေ ၁၅၊ ၂၀၁၈

အေးစက်နေပုံက
ရေခဲတိုက်ထဲဝင်နေရသလိုပဲလို့ ပြောရအောင်
လူသေကောင်ဟာ အသံတိတ်အိပ်ပျော်သွားတာကိုများ
စားစားသွားသွား ဒီစိတ်နဲ့ စုတေခဲ့ရ
အငွေ့နဲ့ အားအင်ဖြစ်နေခဲ့တဲ့ဘဝတွေ
ဆုတောင်းခြင်းကို သီချင်းကောင်းကောင်းစပ်နိုင်ရင်
ဂရမ်မီဆယ်ထပ်ကွမ်းချိတ်နိုင်မယ်
အိပ်မက်က
နေ့ခင်းကြောင်တောင်ကြီး မီးမပါပဲထိုးပြနေတဲ့ ပြဇာတ်ပဲ
လမ်းတွေက ငွေနောက်တကောက်ကောက်လိုက်တော့
ရပ်ထဲရွာထဲ ပြုပြင်ဆဲစကားလုံးတွေကြေမွလို့
ကိုယ့်အဖို့ မျက်ရည်နဲ့ သူ့အတွက် သယံဇာတမှာ
ပို့သူမဲ့ ဈာပနတွေ ခြိမ့်ခြိမ့်သဲသဲ
နှစ်နှစ်လောက်ပေါက်ရုံလောက်နဲ့
ကမ္ဘာကီးကိုနောက်ယောင်ခံမလိုက်နိုင်မှန်းလည်း
အရိပ်ပြရုံလောက်နဲ့ အကောင်ထင်ပါတယ်
အခုလည်း နွေတကျော့ပေါက်လာပြန်ပေါ့
ဗွက်ပေါက်လိုက် ဖိနပ်ပျောက်လိုက်နဲ့
အင်အားဖြစ်မလာခဲ့တဲ့ စကားလုံးတွေအောက်မှာ
သင်ကြားစရာ ကျောင်းအသစ်ကိုရှာရင်း သံခြေကျင်းနဲ့ မွေ့လျော်ကြရ
အမတ်ပြောင်းခြင်းနဲ့  သေနတ်ပြောင်းရင်းမှာ
ဘဝကို အကြိမ်ဖန်များစွာ ဆက်သလိုက်ဖို့သာ အကြောင်းဖန်တယ်
ဒီလိုပဲ
ယုံကြည်ခြင်းမှာ အခါခါသေခဲ့ရတဲ့ ဘဝတွေ။

ဆောင်းယွန်းလ
(မေ ၁၄ ရက်၊ ၂၀၁၈)

 illustration by Toni Demuro


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts