ကဗျာ

နီလာမိုးဆွေ ● နိဂုံးတစ်ခု၏ နိဒါန်း

နီလာမိုးဆွေ ● နိဂုံးတစ်ခု၏ နိဒါန်း
(မိုးမခ) မေ ၁၄၊ ၂၀၁၈

ကြိုးတန်းပေါ်လမ်းလျောက်နေရသူအဖို့
အကြိမ်ကြိမ်တိုက်လာတဲ့ ဦးခေါင်းတွေက
အက်ရာပြုလာတဲ့ စိတ်နံရံအတွက်
နိစ္စဓူဝ အနတ္တတရား …

အနိစ္စကို တွင်တွင်ရွတ်
ခြေကားယား လက်ကားယား ကကြိုးရှုတ်နေသူတွေကြား
အကြိမ်ကြိမ်ဦးချမိတဲ့ ဘုရားသခင်ဆိုတာ
မှ … တပါး အခြားမရှိ …

ဆေးထိုးပြီးမှည့်နေတဲ့ ရာသီပေါ်တွေကြား
သက်ရှိဘုရားက ကွယ်ပျောက်
အမှန်တရားဆိုတာက ရေများရာအရပ်မှာသာ ပွင့်လေကုန်သောအခါ …

အဆူဆူ ပွင့်လာကုန်ကြတဲ့ ဘုရားငယ်တွေကြား
ငါ့၏ ဦးခေါင်း ….
ဘယ်တော့မှ မရွေ့
ဘယ်တော့မှ ဦးမညွှတ် ….။ ။

နီလာမိုးဆွေ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts