K ငြိမ်းချမ်း သတင်းပဒေသာ

ကဗျာဆရာ ကလင့် (မန္တလေး) ထောင် ၂ လချလိုက်ရတဲ့အပေါ် ကြေညာချက်ထုတ်ပြန်သွားမယ်

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ပုံစာ- ကဗျာဆရာ ကလင့် (မန္တလေး)ကဗျာရွတ်ဆိုနေသည့်ပုံ ( ဓာတ်ပုံ – Min Thant MDY)

ကဗျာဆရာ ကလင့် (မန္တလေး) ထောင် ၂ လချလိုက်ရတဲ့အပေါ် ကြေညာချက်ထုတ်ပြန်သွားမယ်
K (မိုးမခ) မေ ၁၁၊ ၂၀၁၈

မေလ ၆ရက်နေ့က မန္တလေးမြို့ကျုံးဘေးမှာ ပြုလုပ်ခဲ့တဲ့ တိုင်းရင်းသားဒေသများတွင် ထိုးစစ်များရပ်ဆိုင်းရေးနဲ့ စစ်ဖြစ်ပွားရာ နယ်မြေများအတွင်း ပိတ်မိနေသော ပြည်သူများလွှတ်ပေးရေးအတွက် တောင်းဆိုပွဲတွင် စစ်ဆန့်ကျင်ရေး ကဗျာရွတ် ဆိုခဲ့တဲ့ ကဗျာဆရာ ကလင့်(မန္တလေး)ကို မနေ့က မေလ (၁၀)ရက်နေ့တွင် ငြိမ်းစုစီဥပဒေပုဒ်မ (၁၉) ဖြင့် ချမ်းအေးသာစံ မြို့နယ်တရားရုံးမှ ထောင်ဒဏ် ၂လ ချမှတ်လိုက်ခြင်းအပေါ် “ထက်မြက်သော ခေတ်ပေါ်ကဗျာဆရာများ” က ကြေညာချက် တစောင်ထုတ်ပြန်သွားမယ်လို့သိရပါတယ်။

ကဗျာဆရာကလင့်(မန္တလေး)ဟာ မေလ(၉)ရက်နေ့ညနေမှာ စတင်ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ဒီပွဲမှာ ကြိုတင်စီစဉ်မထားဘဲ လမ်းကြုံလို့ ငြိမ်းချမ်းရေး ချစ်မြတ်နိုးစိတ်သက်သက်နဲ့ ၀င်ရောက် ကဗျာရွတ်ဆိုတာ ဖြစ်​ကြောင်းလည်း သိရပါတယ်​။

ကဗျာရွတ်ဆိုမှုကြောင့် ထောင်ဒဏ်၂လချမှတ်ခံရတဲ့ ကဗျာဆရာ ကလင့်(မန္တလေး)ဖြစ်ရပ်နဲ့ ပတ်သက်ပြီး မြို့ခံကဗျာဆရာတဦးဖြစ်သူ စံညိမ်းဦးက “ဒီနေ့ မေလ ၁၀ရက်နေ့ဟာ ငြိမ်းချမ်းရေးကဗျာဆရာကြီး ဒဂုန်တာရာ ရာပြည့်အကြိုမွေးနေ့ပါ။ ဒီလိုနေ့မျိုးမှာမှ ကဗျာရွတ်လို့ငြိမ်းချမ်းရေးလုပ်လို့ ထောင်ချတယ်ဆိုတော့ စိတ်မချမ်းမြေ့ရဘူးပေါ့ဗျာ”လို့ ပြောပြပါတယ်။

ထက်မြက်သော ခေတ်ပေါ်ကဗျာဆရာများအဖွဲ့မှ အဆိုပါကဗျာဆရာ ကလင့် (မန္တလေး)ထောင်ချခံရခြင်း အပေါ်

“၁။ ငြိမ်း ချမ်းရေးကဗျာရွတ်ဆိုခဲ့မှုကြောင့် ကဗျာဆရာကလင့်(မန္တလေး)အား ထောင်ဒဏ်၂လချမှတ်ခြင်းအပေါ် ကျွန်ုပ်တို့ ထက် မြက်သော ခေတ်ပေါ်ကဗျာဆရာများမှ လုံးဝ(လုံးဝ)ကန့်ကွက်သည်။

၂။ကဗျာဆရာတယောက်ကို ပြန်လည်ချေပခွင့် လျှောက်လဲခွင့်မပေးဘဲ ချက်ချင်း အမိန့်ချမှတ်သည်မှာ လုံးဝ ဒီမိုကရေစီစနစ်နဲ့မညီကြောင်း ခေတ်ပေါ်ကဗျာဆရာများက ကမ္ဘာအားကြေညာမည်။

(စစ်အစိုးရလက်ထက်များပင် ဤသို့မလုပ်ခဲ့)

၃။ဤကိစ္စကို ကျွန်ုပ်တို့ခေတ်ပေါ်ကဗျာဆရာများက စုစည်းညီညွတ်စွာတွန်းလှန်သွားရန် ကဗျာဆရာများဘက်က ကာကွယ်ပေးရန် ကော်မတီဖွဲ့လှုပ်ရှား ဆောင်ရွက်သွား မည်ဖြစ်ကြောင်း နိုင်ငံတော်အစိုးရအား အကြမ်းဖျင်း အသိပေးလိုက်သည်။”

စတဲ့အချက်များပါဝင်တဲ့ကြေညာချက် တ စောင်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ကဗျာဆရာ ဥက္ကာကျော်က ပြောပြပါတယ်။

ကဗျာဆရာကလင့်(မန္တလေး) ဟာ ၂၀၁၁ခုနှစ်မှာ အဇ္ဈတ္တအယ်လ်ဘမ် ကဗျာစာအုပ်ကို ထုတ်ဝေထားပါတယ်။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts