ကဗျာ

အိဏ်ဝေး ● ကြောက်​ရတဲ့ ကမ္ဘာ

အိဏ်ဝေး ● ကြောက်​ရတဲ့ ကမ္ဘာ
(မိုးမခ) မေ ၁၀၊ ၂၀၁၈

ကိုယ့်​အသက်​ရှူသံ​လေး​တွေ တစ်​ပါးသူဧရိယာထဲ ပြုတ်​ကျမသွားဖို့
မ​တော်​တဆဆိုပြီး ပြုတ်​ကျသွားတဲ့ အသက်​ရှူသံ​လေး​တွေ
နင်း​ခြေမသွားကြဖို့ သားမှာ
ပြာပြာနှံ့နှံ့ ဖြစ်​နေရပါတယ်​ အ​မေ…။

ကမ္ဘာကြီးဆိုတာ
လုံးတယ်​တဲ့ အ​မေရဲ့
နောက်​ပြီး
တိမ်း​စောင်း​နေပြန်​သတဲ့ အ​မေ။

သားဟာ
အ​စောင်းဘက်​မှာများ လူလာဖြစ်​မိပြီလား အ​မေ။

အ​ပေါ်ကို ​မော့​မော့ကြည့်​ပြီး
အသက်​ရှူသံ​တွေကို
ချုပ်​တည်း​နေရတယ်​။

တခါတခါဆို
ကိုယ်​လိုသူလိုမှ ဟုတ်​ရဲ့လားလို့
ကိုယ့်​အရိပ်​ကို ပြန်​ငုံ့ကြည့်​မိတယ်​။

အ​မေရယ်​ …
သူတို့​တွေ ​တောက်​တချက်​​ခေါက်​တိုင်းသာ
သားဘဝ မီးဟုန်းဟုန်း​တောက်​ပြရမယ်​ဆိုရင်
အ​မေ့ မီးဖိုခန်းထဲမှာ
သားရဲ့ အပိုင်းအစ​တွေပဲ ဖြစ်​လိမ့်​မယ်​။

ဒါ​ပေမဲ့… အ​မေ

အ​မေ့နို့ရည်​ထဲမှာ
ခံနိုင်​ရည်​​တွေပါတာ
သားအခု​တော့ သိပါပြီ။

အသက်​ရှူနှုန်းေ​တွ ပုံမှန်​တိုင်းလည်​ပတ်​နိုင်​ဖို့
စိတ်​ကို စိတ်​နဲ့ တွန်းကန်​ထားရပါတယ်​။

ခြေနဲ့ နာနာနင်း​ပေးတိုင်း
ပိုပိုပြီး မာ​ကျောပြကြတဲ့
ရွှံ့စေး​တွေကို သိပ်​အားကျမိပါတယ်​ အ​မေ။

သူတို့က သက်ရှိ အ​မေရဲ့
သားက
သက်​မဲ့ ဒြပ်​ဝတ္ထုပါပဲ။

ကြောက်​​နေရတဲ့
ကမ္ဘာကြီးပါပဲ။

သိပ်​ကို ​ကြောက်​ရတဲ့
ကမ္ဘာပါကြီးပါပဲ အ​မေရယ်​။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts