ကဗျာ မြန်မာပြည်တွင်း

သျှင်မျိုးငယ် – မှာတမ်း

KT#
မှာတမ်း
သျှင်မျိုးငယ်

ငါ့မျက်လုံးအိမ်ထဲ ထိုးစိုက်နေတဲ့မြားတွေ

ငါ့နှလုံးအိမ်ကို ထုတ်ချင်းပေါက်
ငါ့အသက်ဓာတ်ကို ဖျောက်ပြသွားလေရဲ့။
ယုံကြည်မှုနဲ့ကတိသစ္စာ
အတွေးအခေါ်အယူအဆနဲ့အတွေ့အကြုံ
မတူဘူး
ကွဲပြားတယ်
ခြားနားတယ်
ခွဲခြားပြလို့ရတယ်။
ငါ့လက်ထဲမှာ 
အသွားဖွင့်ထားတဲ့ ဓားတလက်ရှိတယ်ဆိုပါစို့
ဘာလုပ်မလဲ
ဘာလုပ်မလဲ
ဘာ လု ပ်……
မေးခွန်းမဆုံးသေးခင်
ကိုယ့်လည်ပင်းကို 
ကိုယ်တိုင်လှီးဖြတ်သွားတဲ့လူတယောက်အကြောင်း
ခေါင်းလောင်းတချက်ထိုးပြီး
ခင်ဗျား ပြောပြလိုက်ပါလေ။            ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts