ကဗျာ ကျော်ဟုန်း

ကျော်ဟုန်း – ခက်တော့တာပဲ

 ကျော်ဟုန်း – ခက်တော့တာပဲ
(မိုးမခ) မေ ၄၊ ၂၀၁၈

ခက်တော့တာပဲ
နှမ်းတောင် ဝင်မဖြူးတဲ့သူက
ထမနဲကို အရင်ဆုံးစားချင်နေတယ်။

စစ်ဖြစ်နေတုန်း
ကတုတ်ကျင်းထဲ ခေါင်းမဖော်ရဲသူက
မိုးပေါ်ထောင်ဖောက်တဲ့ ကျည်ကိုရင်းပြီး
သူရဲကောင်းစာရင်းဝင်ချင်နေတယ်။

စေတနာ ၃ တန် မပါတဲ့အလှူရှင်လို
မဏ္ဍပ်တိုင်ထိပ်ချိတ်မယ့် မင်းနာမည်
လေထဲလွှင့်မပျောက်ခင် ပြောချင်ရဲ့ ။

အလုပ်ဂုဏ်မြောက်အောင် လုပ်
မလုပ်ဘဲနဲ့  နာမည်လိုချင်ရင်
ကမ်းစပ်သဲခုံပေါ် မင်းနာမည်ရေးမိတောင်
ကမ္ဘာချီ ပြက်ရယ်ခံရနိုင်တယ်
ခက်တော့တာပဲ။ ။

၂၀၁၈ – မေ – ၀၃


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts