K ငြိမ်းချမ်း စာအုပ်စင်

K ငြိမ်းချမ်း – ကဗျာဆရာနေမျိုးရေးတဲ့ အက်ဆေးစာအုပ်အသစ်ထွက်ရှိ


K ငြိမ်းချမ်း – ကဗျာဆရာနေမျိုးရေးတဲ့ အက်ဆေးစာအုပ်အသစ်ထွက်ရှိ

(မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈

မန္တလေးအခြေစိုက် ခေတ်ပေါ်ကဗျာဆရာ နေမျိုးရဲ့ရေအိုင်ငယ် အက်ဆေးများ စာအုပ်သစ် ယခု မေလဆန်းမှာ လင်းသစ် ရောင်စဉ် စာအုပ်တိုက်မှ ထွက်ရှိလာပါတယ်။

ရေအိုင်ငယ် အက်ဆေးများစာအုပ်မှာ အက်ဆေး အပုဒ်ရေ ၄၀ ပါဝင်ပြီး ပါဝင်တဲ့ခေါင်းစဉ်များကတော့ ရေအိုင်ငယ်၊ ထ မင်းစေ့ကလေး၊ အရုပ်ဆိုးသူနဲ့ဧကရီ၊ ပလူတွေ၊ ကော်ဖီတစ်ခွက်၊ အမှောင်ထဲက နေ့ရက်များ၊ ရောက်မလာတဲ့စံပြမယ်၊ ထ မင်းကြမ်းစားသူ၊ ဆောင်းကျွတ်ပြီ၊ ပထွေး၊ ဖန်ပုလင်းတစ်ခု၊ စိုးအောင်စာအုပ်၊ ဧပြီလရဲ့နံနက်၊ ဧပြီလရဲ့နေ့လယ်၊ ဧပြီ လရဲ့ ညနေ၊ ဧပြီလရဲ့ညခင်း၊ ပုံပြောသူအဖေ၊ ပရိတ်ကြီးရွတ်သူအမေ၊ ဓာတ်ပုံထဲမှာ ပြုံးရယ်နေသူ၊ ဆယ်ပြားစေ့ကလေး နှစ် စေ့၊ မဲ့နေတဲ့မိန်းမ၊ တော်ပြီ၊ နယူးယောက်မြို့ကြီး ခုတ်မောင်းသွား၊ အဲဒါ မင်းအကြောင်းတွေ၊ လွမ်းတဲ့နှစ်တွေ၊ ကဗျာဆရာ ထွန်းပအတွက် အမှာစာရေးဖြစ်ခြင်း၊ ကဗျာအကြောင်း မှတ်စုဟောင်းမှ၊ ၁၉၉၀ခုနှစ်က အရေးအသား(၁)၊ ၁၉၉၀ ခုနှစ်က အရေးအသား(၂)၊ ၁၉၉၀ခုနှစ်က အရေးအသား(၃)၊ ၁၉၉၀ခုနှစ်က အရေးအသား(၄)၊ ၁၉၉၀ခုနှစ်က အရေးအသား(၅)၊ ၁၉၉၀ခုနှစ်က အရေးအသား(၆)၊ ကျုပ်အမေ(သားနာမည် ရေးထိုးထားတဲ့ အမေ့ပန်းချီကား)၊ ပြတင်းပေါက်(၁)၊ ပြတင်း ပေါက်(၂)၊ ပြတင်းပေါက်(၃)၊ လမ်း၊ ညဉ့်ယံမှတ်စုများ၊ ကျွန်တော်ဆိုတဲ့လူတစ်ယောက်တို့ဖြစ်ပါတယ်။

ကဗျာဆရာနေမျိုးကိုယ်တိုင် အမှာစကားကို ခုလို “ လူဟာ မွေးလာခဲ့စဉ်ကတည်းက သူ့မှာ ရိုးသားမှုဆိုတာ ပါလာခဲ့ပြီး ဖြစ်တယ်။ တရွေ့ရွေ့ဖြတ်သန်းကြီးပြင်းရင်းနဲ့ ရိုးသားမှုဟာ ပုံသဏ္ဍာန် အမျိုးမျိုးပြောင်းလဲသွားခဲ့တာပါ။ ရိုးသားမှုဟာ ကိုယ်ကျင့်တရားဖြစ်လာနိုင်တယ်။ ရိုးသားမှုဟာ စင်ကြယ်မြင့်မြတ်မှု ဖြစ်သွားနိုင်တယ်။ ရိုးသားမှုဟာ ထုံအမှုလည်း ဖြစ် နိုင်လေရဲ့။ ရိုးသားမှုဟာ အသွင်ပြောင်ပြီး ဆန့်ကျင်ဘက်အဓိပ္ပာယ်ကိုလည်း ရောက်သွားနိုင်ပြန်တယ်။ ဒါက သူ့ဘ၀ ဖြတ်သန်းမှုက တွန်းပို့လိုက်တဲ့အခါ သူ့ အကျပ်အတည်းက ပြဌာန်းလိုက်တဲ့အခါမျိုးမှာပေါ့။”လို့ ရေးသားထားပါတယ်။

ကဗျာဆရာနေမျိုးဟာ ယခု မန္တလေးမြို့မှာ နေထိုင်လျက်ရှိပြီး ကဗျာ၊ ၀တ္ထု၊ အက်ဆေး၊ ကာတွန်း၊ ပန်းချီတို့ကို လစဉ်ထုတ်မဂ္ဂဇင်းများမှာ ရေးသားလျက်ရှိပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts