သတင်းဆောင်းပါး

ဆိုင်းဗျူ – မြောက်အရပ်က ငြိမ်းချမ်းရေး 

ဆိုင်းဗျူ – မြောက်အရပ်က ငြိမ်းချမ်းရေး 

(မိုးမခ) ဧပြီ ၂၉ ၊ ၂၀၁၈

၁၉၆၂ ခုနှစ်ကတည်းက အမြစ်တည်လာခဲ့တဲ့စစ်ပွဲဟာ ဒီနေ့အချိန်ထိ ပြီးဆုံးဖို့ အတွက် ကချင်လူထုတွေ လမ်းစ မမြင်သေးပါဘူး ။ ၂၀၁၈ခုနှစ် ဇန်နဝါရီ ကစပြီး မြောက်အရပ်တွင် စစ်ပွဲများပြန်လည်ပြင်းထန်လာခဲ့သည် ။ ဆွမ်ပရာဘွမ် အရှေ့ဘက် မလိခ ရန်ဝလောင် တြိဂံဒေသတွင် ပြည်သူများထောင်ချီ စားဝတ်နေရေး ကျန်းမာရေး အတွက် ဒုက္ခကြုံတွေ့နေရသည် ။

တီယန်ဇွပ် စက်လှေဂိတ်တွင် တပ်မတော်မှ မလိခ မြစ်ဖျားပိုင်သို့ သယ်ယူပို့ဆောင်ရေး ဆက်သွယ်မှု လမ်းကြောင်း စက်လှေသွားလာရေးခရီးကို ပိတ်ပင်လိုက်သောကြောင့် ပို၍ခက်ခဲသွားကြောင်းသိရသည် ။

နှစ်၆၀ကျော်ကြာ တိုက်နေရတဲ့စစ်ပွဲကြောင့် ပြည်သူတွေ ဘဝတိုးတက်ရေး ဆုတ်ယုတ်ခဲ့ရလေသည် ။ အကျိုးမရှိ လူ့အသက်များ ဆုံးရှုံးခဲ့ရလေသည် ။ စစ်ရှောင် ဒုက္ခသည်များဟာ မြစ်ကြီးနားမြို့ ၊ ဝိုင်းမော်မြို့ နှင့် ကေအိုင်အိုထိန်းချုပ်ဒေသ တို့တွင် အများအပြား အခက်အခဲကြုံတွေ့နေရသည် ။ ပြည်ထောင်စု အစိုးရနှင့် ပြည်နယ်အစိုးရအဖွဲ့ ရဲ့ အခန်းကဏ္ဍဟာလည်းအရေးကြီးပြီး ပြည်သူတွေ ရဲ့စိတ်နှလုံးငြိမ်းချမ်းရေးကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ပေးရမည့် အခြေအနေကိုဆိုက်ရောက်နေပြီဖြစ်သည် ။

ကေအိုင်အိုထိန်းချုပ်ထားသော တနိုင်းဒေသ ၊ ပယင်းမှော်များတွင်လည်း တပ်မတော်မှ ဂျက်လေယာဉ်များဖြင့် လာရောက်ပစ်ခတ် ဗုံးများကြဲချခြင်းကြောင့် ပြည်သူ ၅ ဦး ဟာ  မြေစာပင်ဖြစ်ခဲ့ရသည်မှာ ရင်နာစရာကောင်းလှသော သမိုင်း မြင်ကွင်းဖြစ်ခဲ့သည် ။

အဓိကနစ်နာဆုံးရှုံးသွားရသည်မှာ ပြည်သူသာဖြစ်ခဲ့တယ် မိသားစုကို ရှာဖွေကျွေးမွေးနေတဲ့ သမီးတွေ တရားမျှတမှုမရှိတဲ့မြေမှာ အလကား အသက်ဆုံးရှုံးခဲ့ရတယ် ။ မိခင်တစ်ယောက်ရဲ့ ရင်ထဲက မျော်လင့်ချက် ကို အခုဒီစစ်က လုယူသွားခဲ့တယ် ။

ယခုလ ၂၆ ရက်နေ့ နေ့လည် ၂ နာရီ အချိန်တွင် ကေအိုင်အေတပ်ရင်း ၁၄ ရှိရာ သို့တပ်မတော် ဂျက်တိုက်လေယာဉ်မှ လာရောက်ပစ်ချသော ကျည်ဆံသည် ဇီးဖြူကုန်းတွင် ဈေးရောင်းနေသော ဒေါ်ဆိုင်းနူးမိုင် ဟာ ဂျက်တိုက်လေယာဉ်ပေါ်မှပစ်ချလိုက်သော ဗုံးဆံထိမှန် ၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း မိခင်ဖြစ်သူ ဒေါ်အင်ခွမ်ဂျာဘူးကပြောပြသည် ။

” ပြည်သူတွေဒီလို နစ်နာတဲ့အတွက် သားသမီးတွေ ဆုံးရှုံးရတဲ့အတွက် ကျမကတော့ ရင်ကျိုးမတက် ခံစားနေရတယ် ။ ကျမမှာ ဒီသမီးနှစ်ယောက်ကိုဘဲ အားကိုးနေရတာ ကျည်ဆံထိသွားပြီးဆုံးသွားတယ်ဆိုတော့ ရင်ကျိုးမတတ်ကိုဖြစ်နေပြီး နှိုင်းရက်စရာတောင် မရှိတော့ဘူး ” ဟု မိခင်ဒေါ်အင်ခွမ်ဂျာဘူသမီး၏အဖြစ်အပျက်ကို ရင်နာစွာနဲ့ပြောခဲ့တယ် သေဆုံးသူ၏ ညီမဖြစ်သူလည်း အမတစ်ယောက်ရက်ရက်စက်စက် အသတ်ခံရတဲ့အပေါ် အရမ်းဝမ်းနည်းကြောင်း တစ်မိသားစုလုံးကိုလည်း အမဘဲ ရှာဖွေထောက်ပံ့နေကြောင်းပြောသည် ။

” ပန်ပန်တို့လည်း အရမ်းဝမ်းနည်းတယ် ရက်ရက်စက်စက်သတ်ခံရပြီး မမကြီး ဒီလိုထွက်သွားတဲ့အတွက် ဒီစစ်ပွဲကိုမုန်းတယ် အဲဒီစစ်ပွဲတွေကြောင့် အပြစ်မဲ့ပြည်သူတွေ သေဆုံးခဲ့တယ် ” ဟု ညီမဖြစ်သူကလည်းဝမ်းနည်းစွာ နှလုံးသားထဲ ကပြောပြခဲ့တဲ့ စကားကိုကြားသိခဲ့ရတယ် ။ ကေအိုင်အိုထိန်းချုပ်ထားသော ပယင်းမှော် များတွင် ဒေသခံများဈေးသွားရောင်းနေသော မှော်များဖြစ်သည် ။

နိုင်ငံခေါင်းဆောင်တွေလည်း အကုန်လုံး မိဘတွေပါဘဲ ကိုယ်ချင်းစာတရားရှိခဲ့မယ်ဆိုရင် မိဘတစ်ယောက်ရဲ့ ခံစားချက်ကို နားလည်ပေးရတော့မယ် ။ ကေအိုင်အိုအနေဖြင့် ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ဖို့ သွားနေပေမဲ့ ယခုလက်ရှိအစိုးရရယ် တပ်မတော်နဲ့ရယ် ညိနှိုင်းဆွေးနွေးနေပေမဲ့ မဖြစ်နိုင်သည့် အနေအထားကိုရောက်ရှိနေသည် ။

ယခုလ ၁၁ရက်​​နေ့ တနိုင်းမြို့နယ်​ ​အောင်​​လော့ဒ်​ ​ကျေးရွာတွင်​ တပ်​မ​တော်​နှင့်​​ကေအိုင်​​အေ လက်​နက်​ကိုင်​အဖွဲ့အစည်းတို့ တိုက်​ပွားဖြစ်​ပွားမှု​ကြောင့်​ ပြည်​​သူ၂၀၀၀​ကျော်​ ​တောထဲတွင် ​သေနတ်​ကျည်​ဆံ​ဘေး၊လက်​နက်ကြီးအ​မြောက်​များပစ်​ခတ်​မှု​ဘေးက လွတ်​​မြောက်​​အောင်​ ​တောနက်​ထဲသို့ ထွက်​​ပြေးတိမ်း​ရှောင်​​နေရသည်​မှာ တစ်​ပတ်​​ကျော်​ရှိပြီ ဖြစ်​သည်​။

ထိုကဲ့သို့​သော်​ အဖြစ်​အပျက်​များသည်​ တိုင်းရင်းသား ပြည်​သူနှစ်​​ထောင်​​ကျော်​ ရှိသည့်​ ပြည်​သူများသည်​ ​မျော်​လင့်​ချက်​မဲ့၍ ထိန့်​လန့်​ဖွယ်​အခက်​အခဲနှင့်​ ရင်​ဆိုင်​ကြုံ​​တွေ့​နေရသည်​။ ပို၍ဆိုးရွားသည်​မှာ ဆန်ကုန်​သွားလျှင်​ အားလုံးဟာ ​သေလမ်းကို သာ​ရွေးချယ်​ခံရပြီး ပြည်​သူ၂၀၀၀ ​ကျော်​ဟာ ရက်​စက်​စွာ ​တောထဲတွင်​ ဝိညာဉ်​မရှိ​တော့တဲ့ ဘဝကို ဖြစ်ရတော့မလို ဖြစ်နေပြီ။

တိုင်းရင်းသားပြည်​သူများဟာ မတရားမှု နှိပ်​စက်​ခံ​နေရသည်​မှာ  နှစ်​​ပေါင်း ၆၀​ကျော်​ ကြာ ကာလကို ​ကျော်​လွန်​လာပြီ ယခုအချိန်​ထိ တနိုင်း​ ​အောင်​​လော့ဒ်​က မြင်​ကွင်းများသည်​ သက်​​သေခံ​နေလျှက်​ရှိ​နေသည်​ ။ ငြိမ်းချမ်း​ရေးကို ယခုထက်​ပိုမိုပြီး ခြိမ်း​ခြောက်​​နေသည့်​ သ​ဘောကို​ဆောင်​​နေခြင်းဖြစ်​သည်​။

ပိတ်​မိ​နေသည့်​ ပြည်​သူများကို ကူညီ ကယ်​ထုတ်​နိုင်​ဖို့  ခရစ်​ယာန်​ဂိုဏ်း​ပေါင်းစုံနှင့် ​ကချင်​လူမှုအဖွဲ့အစည်းများ ၊ ကချင်​ပြည်​နယ်​ အစိုးရထံ အကူအညီ​တောင်းခံ တင်​ပြထား​သော်​လည်း ကချင်​ပြည်​နယ်​အစိုးရမှ တုန့်​ပြန်​မှု မရှိသဖြင့်​ ကချင်​အမျိုးသမီးများကွန်​ယက်​အဖွှဲ့မှ တစ်​ခါပြန်​လည် ​စာဖြင့်​ တင်​ပြထားပြီဖြစ်​ကြောင်း​တွေ့မြင်​ရသည်​။

တိုက်​ပွဲကြားတွင်​ ပိတ်​မိ​နေသည့်​ ပြည်​သူများ လွတ်​​မြောက်​ဖို့တနိုင်း​ဒေသက စစ်​ပွဲတွင်​ ရပ်​တန့်​ဖို့ မြန်​မာနိုင်​ငံသား အားလုံး တိုင်းရင်းသားအားလုံး ပါဝင် ကူညီ ​မေတ္တာထား ​ခံစား​ပေးဖို့ လိုအပ်​​နေသည့်​ အချိန်​​ရောက်​​နေပြီ ဖြစ်​သည်​။

အဆိုပါ တနိုင်း​မြို့​ အောင်​​လော့ဒ်​​ကျေးရွာသည်​ ​ကေအိုင်​​အေ ထိန်းချုပ်​နယ်​​မြေ ဖြစ်​​သော​ကြောင့်​ ဆန်​အိတ်​များနှင့်​စား​သောက်​ကုန်​ပစ္စည်းများ ဝင်​​ရောက်​လာမှုမှာ ဒီဇင်​ဘာလကတည်း ဖြစ်​ပွား​နေသည့်​ တိုက်​ပွဲ​တွေ​ကြောင့်​ ကုန်းလမ်းခရီးက ဖြတ်​​တောက်​ခြင်းခံခဲ့ရပြီး ​ရေလမ်းဖြင့်​သာ စွန့်​စားပြီး တနိုင်းမြို့မှ ညသန်း​​ခေါင်​တွင်​သာ ​​​လှေများဖြင့်​ သယ်​ယူ​နေရသည့်​ နယ်​​မြေဖြစ်​သည်​။

ပိတ်​မိ​နေ​သော ပြည်​သူများသည်​ မြို့များသို့ လုံခြုံရာသို့ မ​ရောက်​ရှိနိုင်​​အောင် ​တပ်​မ​တော်​က လမ်း​ကြောင်းများကိုစစ်​​ရေးအမြင်​များဖြင့်​ ပိတ်​ထား​သော​ကြောင့်​ သွားလာခွင့်​ မရဘဲ ​တောထဲတွင်​ ​ပိတ်​မိ​နေရခြင်းဖြစ်​သည်​။

ပြည်​သူများ အမြန်​ဆုံးလွတ်​​မြောက်​​အောင်​ ပြည်​​ထောင်​စုအစိုးရအ​နေဖြင့်​ ကူညီ​ဆောင်​ရွက် ​ပေးဖို့ရန်​ အ​ရေးကြီးလိုအပ်​​နေသည့်​ ကာလကို​ ရောက်​​နေပြီးဖြစ်​သည်​။  တုံ့ဆိုင်း​နေလျှင်​ ​နှေး​ကွေး​နေလျှင်​ ပြည်​သူ၂၀၀၀​ကျော်​ အစာ​ရေစာငတ်​ပြီး ​တောထဲတွင်​ နိဂုံးချုပ်​ရ​တော့မည့်​ မြင်​ကွင်းသည်​ ဝမ်းနည်းစရာ သမိုင်းအမှန်​ ဖြစ်​သွား​တော့မည်​ ။

“​တောထဲမှာ ကိုယ်​ဝန်​​ဆောင်​အမျိုးသမီး​တွေ၊မသန်​စွမ်း​တွေ၊သက်​ကြီးရွယ်​အို​တွေ၊​က​လေး​ငယ်​​တွေမ​ပြေးနိုင်​​တော့ဘဲ ဒုက္ခ​ကြုံ​တွေ့​နေသည်​” ဟု​ ကေဘီစီမှ အတွင်းရေးမှူး သိက္ခာ​တော်​ရဆရာ​ ဒေါက်​တာခလမ်​ဆမ်​ဆွန်​က ​ပြောသည်​။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts