ကဗျာ

ဆလိုင်းမြတ်နိုးသူ ● ပျားရည်ဆမ်းခရီးထွက်ခြင်း

ဆလိုင်းမြတ်နိုးသူ ● ပျားရည်ဆမ်းခရီးထွက်ခြင်း
(မိုးမခ) ဧပြီ ၇၊ ၂၀၁၈

သာယာမှုအတွက် နာကျင်မှုရင်းရတယ် ပြောတော့
ငါ နိုးလာ
ဘာလို့ကိုယ်တို့ တယောက်နဲ့တယောက် လိမ်ညာနေကြတာလဲ
ငါက သကြားသီးဆို မှည့်ပေးဖို့အဆင်သင့်ပဲ
၁၉၉၅ ကနေ မအောင်မြင်တဲ့ပရိုဂျက်တွေနဲ့အတူ အခုထိ ကြီးထွားလာ
မင်း ငါ့ကို အပြစ်တင်ရက်သလား
အဖြစ်အပျက်ကို ပြောပြဖို့ရာ
မီးအိမ်ဟောင်းကလေးသာ အသင့်တော်ဆုံးပဲ
ပြီးတော့လည်း မင်း ငြင်းပယ် ရိုက်ခွဲခဲ့
ခုတော့ ဆေးလိပ်ဖွာပြီး
ငါ့ရင်ဘတ်ထဲ မင်းရှိုက်သွင်းလို့
ပြန်ရှာနေကြတာနဲ့ပဲ တသက်လုံး ပြီးတော့မယ့်ပုံ
အပြင်မှာလေတွေ တိုက်နေ
မိန်းမတယောက် ကိုယ်လုံးတီးနဲ့ထိုင်နေတယ်
တကယ်အေးတာပဲကိုယ်တို့အသံတွေ
ခုန်ထွက်သွားတယ်
ရထားပေါ်မှာ ယန်းပေါဆတ်ရဲ့ဖြစ်တည်မှုပဓာန အရည်ရွှမ်းသစ်သီးတွေ
အဲဒီလိုဆို ကောင်းမှာပါ
တယောက်ယောက်ပေါ့
မင်းအတွက် ဒါမှ မဟုတ် ငါ့အတွက်ပေါ့။

ဆလိုင်းမြတ်နိုးသူ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts