International News

Goenka passes away at 90

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ဝိပဿနာတရားပြ ဆရာကြီး ဦးဂိုအင်ကာ (၉၀ နှစ်) ကွယ်လွန်

မိုးမခသတင်းကောက်နုတ်ချက်၊ စက်တင်ဘာ ၃၀၊ ၂၀၁၃

မြန်မာပြည်တွင်သာမက နိုင်ငံတကာတွင် လေးစားထင်ရှားသည့် ၀ိပဿနာကမ္မဌာန်း တရားပြဆရာကြီး ဦးဂိုအင်ဂါ (၁၉၂၄-၂၀၁၃) သည် စက်တင်ဘာ ၂၉  ရက်နေ့မှာ ကွယ်လွန်ခဲ့ပြီ ဖြစ်သည်။

ဆရာကြီးသည် အိန္ဒိယအမျိုးသား၊ မန္တလေးတွင် မွေးဖွားပြီး မြန်မာပြည်တွင် ကြီးပြင်းသည်။ မြန်မာပြည်တွင် ဆရာကြီးဦးဘခင်တရားစခန်း၏ နည်းနာများကို ၁၄ နှစ်တိုင် သင်ယူပြီးနောက်ဆက်လက် တရားအမွေယူပြီး ဖြန့်ချိပြသခဲ့သူဖြစ်သည်။ ၎င်းနောက် မြန်မာပြည်မှ ထွက်ခွာပြီး အိန္ဒိယပြည်တွင် နေထိုင်သည်။

၁၉၆၉  မှ စတင်ပြီး တရားပြသရာ မြန်မာပြည်တွင် ဆရာကြီးဦးဘခင်တရားစခန်းများ၊ ဂိုအင်ကာတရားစခန်းများသာမက နိုင်ငံတကာတွင် ဂိုအင်ကာတရားစခန်းများစွာကို ထူထောင်ခဲ့သည်။ အကျဉ်းသားများကိုလည်း တရားရူမှတ်နိုင်စေရန် သင်တန်းများ ပို့ချခဲ့သည်။

            မြန်မာပြည်၏ ထင်ရှားသော ဆရာတော်ကြီးဖြစ်သည့် လယ်တီဆရာတော်ဘုရားကြီး နည်းနာများကို ရယူပြီး  တရားပြသင်ကြားပေးခဲ့ကြသည့် တပည့်ကြီးများဖြစ်သော အနာဂါမ်ဆရာသက်ကြီး၊ ဆရာကြီး ဦးဘခင်တို့နောက်တွင် ထင်ရှားသော ၀ိပဿနာကမ္မဌာန်းပြဆရာကြီး တဦးဖြစ်သည့် ဆရာကြီး ဂိုအင်ကာ ကွယ်လွန်သည့်အတွက် ဗုဒ္ဓဘာသာဝင် မြန်မာများသာမက နိုင်ငံတကာပရိသတ်ကလည်း ၀မ်းနည်းကြေကွဲကြကြောင်း မှတ်တမ်းများ ရေးသားကြသည်ကို အင်တာနက်စာမျက်နှာများတွင် တွေ့ရှိရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts