ကဗျာ

ဖိုးရွှေညီမှိုင်း

ဖိုးရွှေညီမှိုင်း ● ပလတ်စတစ်များ
(မိုးမခ) ဧပြီ ၁၊ ၂၀၁၈

သမားရိုးကျ ထုံးတမ်းစဉ်လာ
သဘာဝအတိုင်း မွေးဖွားလာခဲ့
ရီဆိုက်ကယ်လ် ပြန်လုပ်လို့မရနိုင်တဲ့
ရိုးရိုးသစ်ပင်က
ရိုးရိုးသစ်ရွက် တရွက်မျှသာ။
သေဆုံးခွင့် မပြုနိုင်ဘူးဆိုရင်
ရှင်သန်ခွင့်ကို ပေးပါ
ရှင်သန်ခွင့်ကို လိုချင်ပေမယ့်
မရနိုင်ဘူးဆိုရင်တော့
သေဆုံးခွင့်ကိုသာ ပေးလိုက်ပါ။
ရှင်သန်ခွင့်မရှိ
သေဆုံးခွင့်လည်းမရှိတဲ့
ဒီ …
ရီဆိုက်ကယ်လ်ထဲက
ပလတ်စတစ်ဘဝကြီးကို
ရိုးရိုးသစ်ရွက် ရွံလှပြီ။

ဖိုးရွှေညီမှိုင်း
၂၀၁၈ မတ်လ ၁၉ ရက်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts