ဗိုလ်ထက်မင်း – ဗိုလ်ချုပ်မှူးကြီးနဲ့ အမှတ်မထင် ဆုံခဲ့ရ၊ ကြားခဲ့ရစဉ်က – အပိုင်း ၎
(မိုးမခ) ဧပြီ ၁၊ ၂၀၁၈
ဗိုလ်ချုပ်မှူးကြီးသန်းရွှေအကြောင်း အမှတ်မထင် ကြားခဲ့ရ
၂၄။ မင်္ဂလာဒုံ ဗဟိုနိုင်ငံရေးတက္ကသိုလ်နည်းပြ အညာသားလေး လူပျိုသိုးကြီး ဗိုလ်ကြီးသန်းရွှေဟာ စစ်ဗိုလ်ထုံးစံအတိုင်း တပ်တွေမှာ ကြာလာရင် စား မကောင်းတာမို့ စားအိမ်သောက်အိမ်ရှာ မြို့ထဲ ခြေစင်္ကြာဖွင့် အုပ်ချုပ်မှု တည်ဆောက်တတ်တာမို့ တသားသွေးတသွေးလှ ပအို့မလေး မကြိုင်ကြိုင်ဆီ ခြေဦးလှည့်ပါတယ်။ မကြိုင်ကြိုင်ဟာ ကလေးမွေးထားပေမဲ့ အပျိုရှုံးအောင် လှပဆဲဖြစ်ကာ ရန်ကင်းမှာ စက်ချုပ်လုပ်ကိုင်နေပါတယ် ။ စက်ချုပ်တော်တာမို့ မကြိုင်ကြိုင်ဟာ ဗိုလ်ကြီးသန်းရွှေအား လူပါ ချုပ်လိုက်နိုင်တယ်လို့ ရန်ကင်းမှာ မိမိအိမ်ကို လာလည်တဲ့မိတ်ဆွေက ပြောပါတယ်။ သူတို့အိမ်ထောင်ပြုပြီးနောက် ရာထူးအဆင့်ဆင့်တက်လာချိန်မှာ တပ်မ(၈၈)တပ်မမှူးရှေ့တန်းအဖြစ် ကျိုင်းတုံကနေ ကွပ်ကဲရပါတယ်။ စစ်ဗိုလ်ဖြစ်တိုင်း နောင်မှာ ဂေါက် မရိုက်တတ်ရင် ခေတ်မမီတာမို့ တပ်မ (၈၈) စစ်ဦးစီမှူး(တတိယတန်း) ဗိုလ်ကြီးကျော်ဝင်း(နောင် လှမ်း ဒုညွှန်မှူး)က သင်ပေးခဲ့ပါတယ်။ အဲဒီအချိန်မှာ မိုင်းယောင်းမြို့ကို ဗကပ ၀င်သိမ်းလိုက်လိုက်ရာ တပ်မတော်သမိုင်းမှာ သိက္ခာကျစရာဖြစ်ခဲ့ပါတယ်။ ဦးနေ၀င်းခရီးစဉ် ကျိုင်းတုံကို ရှိတာမို့ အထောင်းမခံရလေအောင် လေဆိပ်နဲ့ တပ်မဧည့်ရိပ်သာအထိ လမ်းကို ပန်းမျိုးစုံ တဖက်စီမှာ ဝေဆာအောင် ပြုလုပ်ခိုင်းပြီး ဖါးခဲ့ရာမှာ ကုန်ကျငွေကို မှောင်ခိုယာဉ်တန်း လမ်းကြောင်းဖွင်လို့တမျိုး၊ လေယာဉ် လက်မှတ်ပေးကုန်သည်များထံမှ ကျခံခိုင်းပါတယ်။ အထက်ပါအတွင်းရေးသတင်းကို ကက(ကြည်း)မှာ စစ်ဆင်ရေး G-2 လုပ်ခဲ့တဲ့ မိမိတပ်ရင်းမှူးက ဖေါက်သည်ချပါတယ်။
၂၅။ သူက ဆက်လက်ပြောရာမှာ ဦးသန်းရွှေ နတခ တိုင်းမှုးဖြစ်ချိန်မှာ ရပခ တိုင်းမှူးတွေဖြစ်ကြတဲ့ ဗိုလ်ချုပ်လှဦးနဲ့ DSA – 1 ထဲက အစောဆုံးတိုင်းမှူးဖြစ်နေတဲ့ ဗိုလ်မှူးကြီးလှမော်တို့နဲ့ ယှဉ်ရင် မိုးနဲ့မြေလို ကွာခြားပေမဲ့ သူရဲ့ဆရာတစ်ဦးဖြစ်တဲ့ ဒုတပ်ချုပ် နဲ့ နိုင်ငံတော်ကောင်စီအတွင်းရေးမှူးဖြစ်သွားတဲ့ ဦးအေးကိုက ဆွဲတင်လိုက်လို့ (ဦးနေ၀င်းက အသက်ငယ်ငယ်နဲ့ လူရှာခိုင်းထားလေရာ) သူ့ဟာ မထင်မှတ်ဘဲ ကစထမှူးရာထူးကျော်ပြီး ဒုတပ်ချုပ် ဖြစ်သွားရတယ်လို့ ဆိုပါတယ်။ ဦးသန်းရွှေဟာ သူရဲ့တပည့်များကို ရာထူးတိုးဆွဲတင်တဲ့အခါမှာ တပ်ရဲ့အစဉ်အလာကို မသိချင်ယောင်ဆောင် ဇွတ်လုပ်ပေးပြီး၊ ပြစ်မှုများကိုပင် ခွှင့်လွှတ်တ်ကြောင်း စစ်ရုံး အသိုင်းအ၀ိုင်းမှ ကြားခဲ့ရတာ ဆက်တင်ပြရရင် …
ကမ္ဘာအေးစွယ်တော်မြတ် ပူဇော်ပွဲမှာ ဗုံးပေါက်ကွဲဖြစ်စဉ်နဲ့ ပတ်သက်ပြီး အနီးကပ်လုံခြုံရေးယူထားတဲ့ တပ်မမှူး (စကခ – ၄) ဗိုလ်မှူးချုပ်တင်အေး (နောင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ) ဆိုရင် သူ့ G-3 ဖြစ်သူအား ဖုံးဆက်အမြန်လာခိုင်းကာ အကျဉ်းသားဝတ်စုံ ဒို့တော့ ၀တ်ရတော့မယ်လို့ ညည်းတွားပေမဲ့ ရာထူးတက်ကာ ဦးပိုင်တောင် ကိုင်ခွင့်ရလိုက်ပါသေးတယ်။ တပ်မတော်မှာ ဗိုလ်မှူးချုပ်အဆင့်က ဗိုလ်မှူးကြီးထက် မြင့်နေပေမဲ့ ရာထူးအရ ပြောင်းပြန်ဖြစ်နေတဲ့ ပြည်ထဲရေးဝန်ကြီးဗိုလ်မှူးကြီး တင်လှိုင်နဲ့ ဒုဝန်ကြီး ဗိုလ်မှူးချုပ် သူရမြင့်မောင်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးကြီးစိန်ထွားနဲ့ စစ်ဒေသမှူး ဗျူဟာမှူး ဗိုလ်မှူးချုပ် ၀င်းလှိုင် စတာတွေကို နယ်ဘက်ကလူတွေမေးရင် အဖြေမ ရှိဖူးဖြစ်နေပါတယ်။ စစ်ဘက်လက်ထောက် ဗိုလ်မှူးချုပ်နေ၀င်းအား ဗိုလ်ချုပ်ရာထူးတိုးပေးဖို့ ဦးသန်းရွှေက ပြောရာ ကကလှမ်းက ဗိုလ်ချုပ်ခင်အောင်တို့ အပါအ၀င် တချို့က မကျေနပ်ကျလို့ တန့်နေရာကိုသိလို့ စိတ်မရှည်တော့ဘဲ ဦးသန်းရွှေကိုယ်တိုင် အပွင့် ကောက်တပ်ပေးလိုက်သည် အထိ ပွဲကြမ်းခဲ့တယ်လို့ သိရပါတယ်။ စစ်တပ်မှာ ပြစ်မှုကင်းရှင်းမှ ရာထူးတက်တယ်ဆိုပေမဲ့ လုပ်သက် ၄နှစ်လျှော့ခံရတဲ့ ရပခ တိုင်းမှူး ဗိုလ်ချုပ်မောင်ဘို ကို ကစထမှူးအထိ ဆက်တိုးပေးတာတော့ ပေါ်တင်ကြီး ကျလွန်းနေပါတယ်၊
၂၆။ ဦးသန်းရွှေဟာ ဦးစောမောင်အားနည်းချက်ကို သိမြင်ပြီး ဆန့်ကျင်ဖက်တွေ လုပ်ကာ စစ်အာဏာရှင်အဖြစ်ရပ်တည်နိုင်ဖို့ မဟာဗျူဟာ ကစားကွက်တွေကစားကာ အာဏာရှင်သန်အောင်လုပ်ခဲ့တယ်လို့ စာရေးသူတို့ မိတ်ဆုံစားပွဲတွေမှာ ကိုယ်ရေးအရာရှိများနဲ့ စကားပြောလို့ဖြစ်စေ၊ ဂေါက်ရိုက်ရင်းဖြစ်စေ သူ့အကြောင်းဝေမျှ ပေးလိုက်ပါတယ်။
ကြော်သည်ဆီက ဗူးသီးကြော်နဲ့ လက်တန်းကျွေးပြီး နောက်ဆို ကြိုတင်အသိပေးဖို့ပြောတယ်လို့ သိရပါတယ်။၂၇။ အသက် ၆၀ ကျော်တိုင် တပ်ချုပ်ပင်စင် မယူသေးတဲ့အပြင် လက်အောက်က ကျေနပ်စေဖို့ တပ်မတော်မှာ တခါမှ မရှိဖူးသေးတဲ့ တပ်မတော်ရေးရာဝန်ကြီးနဲ့ ညှိနှိုင်းကွပ်ကဲရေးမှူးရာထူး တီထွင်ခဲ့ပါတယ်။ ညကျောင်းမှာ ဒီပဲယင်းကိစ္စ အကောင်အထည်ဖေါ်ဖို့ ဦးအောင်သောင်းနဲ့ နမခတိုင်းမှူး ဗိုလ်ချုပ်စိုးနိုင် တို့ကို တာဝန်ပေးကာ ရွှေဘို ခယကဥက္ကဌ ဒုဗိုလ်မှူးကြီးကျော်ဟန်က အနီးကပ်တာဝန်ပေးခဲ့တယ်လို့ သိရပါတယ်။ အာဆီယံမှာ ဖိအာပေးဖို့ အသံကြားလာလို့ ဦးခင်ညွှန့်ကို ၀န်ကြီးချုပ်ရာထူးထိုးကျွေးကာ ပစ်ထားတဲ့ အခြေခံဥပဒေကို ဆက်ဆွဲဖို့ Road Map အား ချပြခိုင်းပါတယ်။
၂၈။ နောက်ဖြစ်စဉ်တခုကတော့ ညောင်နှစ်ပင်ညီလာခံကို စတင်ကျင်းပဖို့ရှိရာ ညကျောင်းမှာ တာဝန်ယူမည့် ဦးသိန်းစိန်တို့ကို တရားသူကြီးချုပ် ဦးအောင်တိုးနဲ့ ရှေ့နေချုပ် ဦးသာထွန်းတို့ဟာ ၁၉၉၃ ခုနှစ်ကတည်းကပင် ဆွဲထားခဲ့တဲ့ သူတွေဖြစ်ရာ သူတို့မသေခင် ဒါကိုပြီးအောင်ဆွဲဖို့ လူသစ်ဆို ခက်မည်ဖြစ်ကြောင်း၊ စစ်တပ်က ၂၅% ပါလာဖို့ အမြဲတမ်းထည့်နိုင်ဖို့ နိုင်ငံတကာဥပမာ အင်ဒိုနီးရှားကို နမူနာယူကြည်ဖို့လိုကြောင်း၊ ညောင်နှစ်ပင်ကို NLD က တက်မည်လို့ ညှိထာပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မလွှတ်သေးဘဲ အရင်တက်ခိုင်းကြောင်း အတွင်းရေးသတင်း ကြားသိရပါတယ်။ ဒါကြောင့် ဒေါ်အောင်းဆန်းစုကြည်ဟာ ရှင်တို့ စစ်ဗိုလ်တွေ ကတိမတည်ဖူးလို့ ပက်ကနဲပြောသံကြားရပြီး ညီလာခံမှာလည်း အတိုက်အခံ မတက်လို့ လက်ညှိးထိုးစရာဖြစ်သွားရပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ အထက်ပါ လူလည်ကျ ကစားကွက်များကြောင့် အာဏာထိမ်းနိုင်တယ်လို့ သူ့အသိုင်းအ၀ိုင်းထံမှ သိရတဲ့အပြင် ဗေဒင်ကိန်းခန်းများနဲ့လည်း ယတြာချေတဲ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် နာမ်နိမ်ဖို့ ကြက်ဆူပင် တနိုင်လုံး စိုက်ခိုင်းလို့ စစ်ဖက်နယ်ဘက် ဒုက္ခပင်လယ်ဝေခဲ့ရပါသေးတယ်။
သမ္မတဟောင်း ဗိုလ်ချုပ်ကြီးသိန်းစိန်(ငြိမ်း)နဲ့ အမှတ်မထင်ဆုံခဲ့ရ (ပထမအကြိမ်)
အမည်တူ မှားတော့မလို့
၂၉။ စာရေးသူ ဆက်ဆံရေးအရာရှိ တာဝန်ထမ်းဆောင်ခဲ့စဉ်က တကြိမ်မှာ ကလေးတပ်နယ်က တိုင်းရင်းသား အဖွဲ့လာရောက်ခဲ့လို့လုပ်ငန်းစဉ် အလိုက် လိုက်ပါပို့ဆောင်ပေးနေပါတယ်။ မကြာခင် စစ်ရုံးမှာ ဖုံးဝင်လာပြီး အဲဒီတိုင်းရင်းသားတွေကို ဦးသိန်းစိန်တွေ့မယ်လို့ပြောလာပါတယ်။ ပထမတော့ ဦးသိန်းစိန်ကို ပြန်ကြားရေး ဒုဝန်ကြီး ဦးသိန်းစိန်လို့ အထင်မှတ်မှားနေပြီး စစ်ရုံးက စစ်ဦးစီးဗိုလ်မှူးကြီး (စစ်ဆင်ရေး) ဗိုလ်မှူးကြီးသိန်းစိန် (COL.G.S) ဖြစ်နေကြောင်း သူတို့ပြောလို့မှ သိလိုက်ရပါတယ်။ အဲဒီရာထူးဟာ စစ်ရုံး တပ်မတော်တခုလုံးရဲ့ တပ်ချုပ်၊ ဒုတပ်ချုပ်တွေရဲ့ KEY PLAYER ဖြစ်တာမို့ သြဇာပါဝါ ရှိပါတယ်။ သူက ပထမတော့ စစ်ရုံးမှာ တွေ့မယ်လုပ်ပြီးမှ မတွေ့ဖြစ်တော့ဘဲ စုပေါင်းရိပ်သာမှာဘဲ တွေ့မယ်ဆိုလို့ စာရေးသူက အသင့်စောင့်နေပေးရပါတယ်။