ကဗျာ မြန်မာပြည်တွင်း

ခက်သီ – နာကျင်ပြဿဒါး

နာကျင်ပြဿဒါး
ခက်သီ
(မိုးမခ) မတ် ၉၊ ၂၀၁၉

ဒဏ်ရာတွေ လျော်ဖွတ်ပစ်။
မယုံကြည်တာတွေ ခြေနဲ့သုတ်ပစ်
ယုံကြည်မှုဟာ ခါးသက်သက်
ဆေးဖက်များဝင်လေမလား ။

မေတ္တာနဲ့နွယ်တော့ ဖရုံနွယ် လေးလိုပေါ့
ဖမ်းမိဖမ်းရာ တွယ်မိတွယ်ရာ ။

မမေ့ဘူးဆို ကြွေသွားတဲ့ကြယ်ထဲ အထိ တွေ့မယ်။
မယုံရင်မရွေးနဲ့တော့
မဆုံချင် ဝေးလိုက်တော့
သွားလမ်းသာလို့ လာလမ်းဖြောင့်ပါစေ ။ ။

ခက်သီ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts