ကဗျာ ဆောင်းယွန်းလ

ဆောင်းယွန်းလ ● ပြာ

ဆောင်းယွန်းလ ● ပြာ
(မိုးမခ) ဖေဖော်ဝါရီ ၂၀၊ ၂၀၁၈

ငွေကြေးကို မီးရှို့ဖွာရှိုက်ပြီးမှ
အခိုးအငွေ့ တွေဖြစ်ခဲ့ရတာပါ

မြင့်မြင့်ပျံနိုင်ဖို့ 
မြန်မြန်ပြေးဖြစ်ခဲ့တယ်
ကောင်းကင်ဟာ
ဘယ်ဆီဘယ်ဝယ်မှန်း မသိရ

မြေပြင်ရဲ့အဝေးဆုံးတနေရာကို
အငွေ့ တလူလူ ရုန်းတက်ခဲ့ပေမယ့်
တိမ်တွေနဲ့ မဆုံဖြစ်ခဲ့ပါ

ကြာတော့လည်း
တငွေ့ငွေ့နဲ့  ပြာဖြစ်ခဲ့ရတယ်။

ဆောင်းယွန်းလ
(ဖေဖော်ဝါရီ ၁၄၊ ၂၀၁၈)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts