ကဗျာ

ဒီလူည ● ပင်လယ်


ဒီလူည ● ပင်လယ်
(မိုးမခ) ဖေဖော်ဝါရီ ၁၈၊ ၂၀၁၈

ပြတင်းပေါက်ကို ဖွင့်လိုက်တော့
ပင်လယ်ရေတွေဟာ ငါ့အခန်းထဲ စီးဝင်လာတယ်
သွေးနံ့မရတဲ့ ငါ့နံဘေး
ငါးမန်းတွေဟာ တခစ်ခစ်နဲ့ရယ်ပြီး ဖြတ်သွားကြ
လိပ်တွေဟာ ဒီဇင်ဘာထဲ
သူတို့ရဲ့ရှာဖွေနေတဲ့အစာတွေ ပေါများလာကြောင်းကို ပြောရင်း
ငါ့အခန်းထဲက မီးကြိုးကို ကိုက်ဖြတ်သွား
နောက်တော့ သူတို့ဝင်လာတဲ့
ငါ့အခန်း ပြတင်းပေါက်ကနေပဲ
ပင်လယ်ရေတွေဟာ ပြန်လည် ထွက်ခွါသွားကြတယ်
ငါးမန်းတွေဟာ ငါ့အင်္ကျီကိုဝတ်သွားကြတယ်
လိပ်တွေဟာ ငါ့အိပ်ရာပေါ် သားတွေပေါက်
ငါ့အခန်းကို သူတို့သိမ်းယူလိုက်ကြတယ်
ဒါနဲ့ ငါ လမ်းပေါ်ကို ထွက်လာ
ရေတံခွန်မရှိတဲ့ ကောင်းကင်ပြာပြာထဲ ဗစ်တာကို လိုက်ရှာမိ
ခုချိန်ဆို
ငါ့သူငယ်ချင်းဗစ်တာ ဘယ်ရောက်နေသလဲ
သူရှိတတ်တဲ့ဓါတ်ပုံတွေဆီရောက်လည်း သူ့ကိုမတွေ့ဘူး
ဒီကောင် ဆေးကွဲနေတဲ့ကမ်းခြေမှာ လေကောင်းလေသန့် ရှူနေမလား
လိုင်းမမိတဲ့တံတားတွေပေါ် လမ်းပျောက်နေမလား
ရထားအလာကိုစောင့်ရင်း ဗစ်တာကိုရှာရင်း
ငါလည်း ပင်လယ်ဖြစ်သွားတာ တောင်
ငါ့ကိုယ်ငါမသိအောင် မေ့လျော့လို့။   ။

ဒီလူည

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts