ကဗျာ

ကမ်လူဝေး ● တရား

ကမ်လူဝေး ● တရား
(မိုးမခ) ဖေဖော်ဝါရီ ၁၁၊ ၂၀၁၈

အသတ်​ခံရနီးဆဲဆဲ
ဒူး​ထောက်​ထားကြတဲ့ လူအုပ်​စုရဲ့ဓာတ်​ပုံက
ခိုကိုးရာမဲ့ ​ကြောက်​လန့်​​နေတဲ့မျက်​ဝန်း​တွေဟာ
ငါ့ရဲ့နှလုံးသားကိုဆုတ်​ကိုင်​ဖြစ်​ညှစ်​​နေတယ်​။

ကိုယ်​ချင်းစာတရားနဲ့ ချစ်​ခြင်း​မေတ္တာဟာ
ကမ္ဘာလုံးဆိုင်​ရာဘာသာတရားရဲ့အ​ခြေခံဖြစ်​တယ်
ကိုယ်​ချင်းစာတရားနဲ့ ချစ်​ခြင်း​မေတ္တာကိုစွန့်​ပယ်​ထားတဲ့
အမျိုးဘာသာ သာသနာကိုချစ်​သူ​တွေ ကြီးစိုးရာ​မြေမှာ
ရက်​စက်​ခြင်းနဲ့အ​ကြောက်​တရား​တွေ ပြန့်​နှံ့။

အမြစ်​ပြတ်​​အောင်​သတ်​ဖြတ်​ခြင်းက
အဖြစ်​မှန်​ကို ဘယ်​​လောက်​ကြာကြာဖုံးကွယ်​ထားနိုင်​မလဲ
တရားဟာ အ​သေသတ်​ရင်​​တောင်​မှ
တ​နေရာရာက အ​ညှောင့်​ထွက်​ အပင်​​ပေါက်​တတ်​တယ်​။

တရားကို လူအများ​ရှေ့ အ​ရောက်​ပို့သူဟာ
အသက်​ကိုစွန့်​ရနိုင်​တယ်
လွတ်​လပ်​ခွင့်​ကို စွန့်​ရနိုင်​တယ်​။

ဖြစ်​ရပ်​​တွေကို ရှင်းရှင်းလင်းလင်း ဖြစ်​​စေချင်​တယ်
ဒီအဖြစ်​မျိုး အနာဂတ်​မှာ ထပ်​ဖြစ်​ဖို့မလိုလားဘူး
တရားကို မစွန့်​နိုင်​သူက
ဓာတ်​ပုံ​လေးကို ကိုင်​ရင်း​ပြောတယ်​။         ။

ကမ်​လူ​ဝေး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts