ဝါ စိမ်း နီ မိုးသား
အုပ်မိုး
(မိုးမခ) ဖေဖော်ဝါရီ ၉၊ ၂၀၁၈
ငါတို့ဒဏ်ရာဆိုတာ
လက်ကောက်ဝတ်ပေါ်မှာ
အန်ဖူးတဲ့ သူငယ်နာပဲ။
စုန်တာဆန်တာ
အတက်အကျတွေပြောတော့
မကျူးကျော်ရဆိုင်းပုဒ်က
ငါတို့ဘဝထဲကျော်ကျလာခဲ့တယ်။
နှလုံးသားမှာ..
ကျီးတန်းမထိုးရမဲ့ မုန့်ပဲသရေစာကို
ညီတူညီမျှခွဲလိုက်ကြစမ်းပါ။
ကျီးတန်းမထိုးရမဲ့ မုန့်ပဲသရေစာကို
ညီတူညီမျှခွဲလိုက်ကြစမ်းပါ။
ကိုယ့်အိုက်တင်ပေါ်ကိုယ်တက်ပြီး
ဓာတ်ဖမ်းချင်သူတွေပေါလာသောအခါ
တိုက်ပုံတထည်အတွက်
ငါတို့လူကြီးမဖြစ်ချင်ဘူး။
မေမေခင်းထားတဲ့ကစားကွင်းထဲ
ရေဝပ်ခြင်းတွေ ဧရိယာကျယ်လာခဲ့ပြီ။ ။
အုပ်မိုး
5.2.2018