ဝင်းအောင်ကြီး မှတ်စုမှတ်တမ်း မောင်အောင်မွန်

ဝင်းအောင်ကြီး(မောင်အောင်မွန်) – ဦးတင်ထွဋ်ကသေ လူသတ်သမားက ပေါ်ပေါ်ထင်နေသွားတဲ့ တိုင်းပြည်

 


ဝင်းအောင်ကြီး(မောင်အောင်မွန်) – ဦးတင်ထွဋ်ကသေ လူသတ်သမားက ပေါ်ပေါ်ထင်နေသွားတဲ့ တိုင်းပြည်
ကျနော်တွေးမိသလို ရေးပါမည် (၆၂)

(မိုးမခ) ဖေဖော်ဝါရီ ၃၊ ၂၀၁၈(မှတ်ချက်။ ။ အားလုံးသေကုန်ကြပြီမို့ ပြန် တင်ရဲတာပါ။ ပုံထဲမှာ ဗိုလ်ချုပ်အောင်ဆန်း ညာဘက်က သခင်မြ၊ ဘယ်ဘက်က ICS ဦးတင်ထွဋ်ပါ)

မြန်မာ့လွတ်လပ်ရေးအတွက် ဗြိတိသျှအစိုးရနဲ့ ဆွေးနွေဖို့ ကျွမ်ကျင်ပါးနပ်သူ လိုက်ရှာရင်း ဗိုလ်ချုပ်အောင်ဆန်း ဦးတင်ထွဋ်ကိုသွားတွေ့တယ်။ ကင်းဘရစ်ခ်ျတက္ကသိုလ်က ထူးချွန်ကျောင်းသား၊ ဗမာတွေထဲက ပထမဆုံး ICS. လျှမ်းလျှမ်းတောက် ညီအကို ၄ယောက်၊ သူ့အောက်က တရားသူကြီးချပ် ဦးမြင့်သိန်း၊ ၀တ်လုံတော်ရ ဦးကျော်မြင့်နဲ့ ပါမောက္ခချုပ် ဒေါက်တာထင်အောင်။ ချက်ချင်းဆိုသလို ဗိုလ်ချုပ်အောင်ဆန်ရဲ့လေးစား အားထားစရာဖြစ်လာကာ၊ လန်ဒန်က လွတ်လပ်ရေးဆွေးနွေးပွဲ၊ ပင်လုံက ညှိနှိုင်းစေ့စပ်ပွဲ၊ရန်ကုန်က ဖွဲ့စည်းပုံရေးဆွဲပွဲတို့မှာ အစွမ်းပြနိုင်ခဲ့သူ ဦးတင်ထွဋ် ပထမဆုံး နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာတယ်။

၁၉၄၈ ခု၊ သြဂုတ်လ ၁၆ ရက်နေ့မှာ နယ်ခြားစောင့် တပ်မင်းသို့ပြောင်းရချိန်ထိ သူပိုင်တဲ့ New Time of Burma သတင်းစာ အယ်ဒီတာချုပ်ဆက်လုပ်ရင်း စက်တင်ဘာလ ၁၇ ရက်နေ့ည တိုက်ကအထွက် စပတ်လမ်းမှာ သူ့ကားကို လက်ပစ်ဗုံးနဲ့ပစ်လို့ နောက်တနေ့မှာ ကွယ်လွန်သွားတယ်။ မျက်မြင်သက်သေတွေရှိ၊ စုံစမ်းစစ်တဲ့ ရန်ကုန်ရဲမင်းကြီး ဦးအောင်ချိန်ထံ၊ မိသားစုနဲ့နေချင်ရင် စုံစမ်းနေတာရပ်ဆိုတဲ့ စာရောက်လာလို့ ၀န်ကြီးချုပ်သခင်နုကို သွားပြတော့ ဦးအောင်ချိန်နေရာမှာ ရန်ကုန်တိုင်းရဲမင်းကြီးအသစ် လူစားခန့်ကာ စုံးစမ်းမှုရပ်သွားတယ်။
ဖုံးထားဖျောက်ထားပေမယ့် လူတွေပါးစပ်ကပြောလို့ ကြားရတဲ့ထဲ လက်ပစ်ဗုံးနဲ့ပစ်သူဟာ ဂဋ္ဌုန်ဦးစောကို သေနတ်နဲ့ချောင်းပစ်လို့ ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ကြံခံရရေးကို မြန်သွားစေသူဆိုတာပါ သိလာကြရတယ်။
ဓာတ်ပုံထဲပါတဲ့ ဦးကျော်ငြိမ်းက ဦးတင်ထွဋ် နေရာမှာ နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာသူပါ။ ဖဆပလ ကွဲတော့ ဦးနုနဲ့ ဦးကျော်ငြိမ်းတို့ ငယ်ကျိုးငယ်နာတွေ အကုန်ဖော်ကြပေမယ်လို့ အဲဒီလုပ်ကြံမှု မပါလို့ လူသတ်သမားကတော့ ပေါ်ပေါ်ထင်ထင်၊ ထည်ထည်ဝါ၀ါ နေသွားလို့ သမိုင်းမှာ နေရာကောင်းရနေပါပြီ။
၂၀၁၅-၁၉၄၈ ဆိုတော့ ၆၇ နှစ်ကြာသွားပြီ၊ ဘယ်သူမှမရှိကြတော့၊ မြန်မာပြည်မှာ ရှင်သန်နေသေးတာက ၃ လောင်းပြိုင် ၅ လောင်းပြိုင်၊ ၁၀ လောင်းပြိုင်အထိ သတ်လို့ရ၊ မမြင်ချင်မကြည့်။ မိသားစုနဲ့ အေးအေးနေချင်တာမို့ ကျနော်လည်း သိထားတဲ့နာမည် မရေးဘဲ တွေးရုံသာတွေးမိကြောင်းပါ။
၂၀၁၅ ခု၊ စက်တင်ဘာလ ၁၇ ရက်နေ့ ။
(အဲဒီပို့စ်တင်တုန်းက အမေရိကန်မှာရှိတဲ့ လူငယ်တစ်ယောက်က အန်ကယ် မိသားစုနဲ့အေးအေးနေပါလို့ တယ်လီဖုန်းဆက်ဖူး၏)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “၀င်းအောင်ကြီး(မောင်အောင်မွန်) – ဦးတင်ထွဋ်ကသေ လူသတ်သမားက ပေါ်ပေါ်ထင်နေသွားတဲ့ တိုင်းပြည်
  1. ဦးတင်ထွဋ်ကို ဗိုလ်စိန်မှန်က သတ်တယ်။ ဗိုလ်စိန်မှန်လည်း နောက်ပိုင်းမှာ “နှုတ်ပိတ်”နေရအောင် အသတ်ခံရတယ်လို့ လူကြီးသူမများထံက ကြားဖူးပါတယ်။

    ကြေးမုံဦးသောင်းရဲ့ “ဗိုလ်နေဝင်းရှုပ်ခဲ့သမျှ” စာအုပ်မှာတော့ ဦးတင်ထွဋ်ကို ဗိုလ်နေဝင်းန်က သတ်ခိုင်းသလိုလို ရေးထားတယ်။

  2. According to other book,U Tin Htut was killed by Yangon Ba Swe by instruction of U Ne Win. Yangon Ba Swe and other members were who tried to assinate U Saw.Bo Sein Hman was killed by U Nu due to fighting with Sein Hman report at Parlimant. That I heard from other senior peoples.

Comments are closed.