ကဗျာ ဆောင်းယွန်းလ

ဆောင်းယွန်းလ ● ၂၀၁၇ များ

ဆောင်းယွန်းလ ● ၂၀၁၇ များ
(မိုးမခ) ဇန်နဝါရီ ၃၊ ၂၀၁၇

မွေးဂဏန်းအဖြစ်
ထီထိုးခဲ့သူတွေလည်း လွဲခဲ့ကြတယ်
ဆေးဖြစ်မယ်အထင်နဲ့
ဆေးဖော်သောက်သူတွေလည်း ရောဂါမပျောက်ခဲ့ကြဘူး
ဖော်လို့ မကောင်းပဲ
ပေါက်သွားတဲ့ သတင်းတွေများခဲ့တယ်
တိုးတိုးတိတ်တိတ်တမျိုး
ကျယ်ကျယ်လောင်လောင်တဖုံနဲ့
ပျောက်သွားခဲ့သူတွေလည်းများခဲ့တယ်
ဖတ်မကောင်းတဲ့ ဂျာနယ်တွေ
နာထောင်မကောင်းတဲ့ သတင်းတွေနဲ့
အလောင်းရှာမတွေ့တဲ့ စာရင်းတွေထဲမှာ
သေဆုံးသူဦးရေများခဲ့တယ်
အကွက်စရွှေ့ကတည်းက
မီးထဲ ရေထဲ လေထဲ စစ်ပွဲတွေထဲ
စစ်တုရင်ခုံပေါ်က ဘုရင်မကို
ပွန်းတွေနဲ့လဲထားခဲ့ရတဲ့ နှစ်တနှစ်ပဲဖြစ်ခဲ့တယ်
မပျော်ရွှင်ခဲ့လည်း ပျော်ပျော်ရွှင်ရွှင်နဲ့ ထားခဲ့ကြပြီ။

ဆောင်းယွန်းလ
(နှစ်တနှစ်ရဲ့အစ၊ ၂၀၁၈)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts