ကဗျာ မြန်မာပြည်တွင်း

ဒီလူည – ဒီဇင်ဘာ

KT#
ဒီဇင်ဘာ
ဒီလူည
(မိုးမခ)ဒီဇင်ဘာ ၁၆၊ ၂၀၁၇

ဒီဇင်ဘာဟာ အေးခဲနေတဲ့ ညတွေထဲမှာ မီးလှုံရင်း

တူးဖော်ထားတဲ့မပုပ်မသိုး ခြေရာတွေကို နံပါတ်စဉ်တပ်လို့
နှုတ်ဆက်တေးတွေကလည်း
သူတို့ရဲ့ မအောင်မြင်မှုသီချင်းကို ဆိုရင်း
အနွေးထည်လေးကို နေလှန်းလို့
ဒီဇင်ဘာဟာ သူကိုယ်တိုင်မသိတဲ့ ပျော်ရွှင်မှုတွေအကြောင်းကို နံပါတ်စဉ်တပ်လို့
ဒီဇင်ဘာဟာ သူကိုယ်တိုင်မသိတဲ့ ငတ်မွတ်မှုတွေအကြောင်းကို နံပါတ်စဉ်တပ်လို့
ဒီဇင်ဘာဟာ သူကိုယ်တိုင်မသိတဲ့ ရေခဲမှုအကြောင်းတွေကို နံပါတ်စဉ်တပ်လို့
ဒီဇင်ဘာဟာ သူကိုယ်တိုင်မသိတဲ့ အနွေးဓာတ်ထုတ်လွှတ်မှု အကြောင်းတွေကို နံပါတ်စဉ်တပ်လို့
ကိုယ်ရောင်ကိုယ်ဝါ တောက်ပခွင့်မရတဲ့
နောက်ဆုံးခုံတန်းပေါ်က ဗလာစာရွက်တွေဟာ နှင်းတွေကိုစားရင်း
သူတို့ရဲ့နာမည်ကို ဒီဇင်ဘာလို့ပေးလိုက်တယ်။   ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts